- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
မလေးရှားတွင် ဆိုင်ကယ်အတိုက်ခံရသည့် ရခိုင်အလုပ်သမားတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ
ဆိုင်ကယ်တိုက်ခံရသူမှာ ရခိုင်ပြည် စစ်တွေမြို့ တရားသီးစုရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဦးဇော်မြင့်ထွန်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ဈေးသွားဝယ်သည့် အချိန်တွင် မလေးရှားနိုင်ငံသား တစ်ဦးမှ ဆိုင်ကယ်ဖြင့် ဝင်တိုက်သွားခဲ့သည့်အတွက် ခြေ၊ လက်ကျိုးကာ အတွင်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
03 Dec 2024

DMG၊ ဒီဇင်ဘာ ၃
မလေးရှားနိုင်ငံ တာဆိုက်မြို့နယ်အတွင်း အလုပ်လုပ်ကိုင်နေသည့် ရခိုင်အလုပ်သမားတစ်ဦးကို မလေးရှား နိုင်ငံသားတစ်ဦးမှ ဆိုင်ကယ်ဖြင့်ဝင်တိုက်ခဲ့၍ ပြင်းထန်ဒဏ်ရာများရရှိသွားသည့်အတွက် အရေးပေါ်ဆေးရုံ တင်ထားရကြောင်း သိရသည်။
ဆိုင်ကယ်တိုက်ခံရသူမှာ ရခိုင်ပြည် စစ်တွေမြို့ တရားသီးစုရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဦးဇော်မြင့်ထွန်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ ဈေးသွားဝယ်သည့် အချိန်တွင် မလေးရှားနိုင်ငံသား တစ်ဦးမှ ဆိုင်ကယ်ဖြင့် ဝင်တိုက်သွားခဲ့သည့်အတွက် ခြေ၊ လက်ကျိုးကာ အတွင်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“အခု ချိန်ထိတော့ အရေးပေါ်တင်ထားရတုန်းပဲ။ အသက်အန္တရာယ်လည်း စိုးရိမ်ရတယ်။ တိုက်သွားတဲ့ မလေးရှား နိုင်ငံသားက ဘာမှတာဝန်မယူဘူး။ ထွက်ပြေးနေတယ်။ လူနာ ခုထိလည်း မိသားစုနဲ့ အဆက်အသွယ်မရသေးဘူး” ဟု မလေးရှားနိုင်ငံအတွင်း အလုပ်သမားရေး ကူညီဆောင်ရွက်နေသူ ဦးသန်းစိန်ထွန်းက ပြောသည်။
လက်ရှိတွင် ဦးဇော်မြင့်ထွန်းအား မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်၊ ပါတာမြို့ စပန်လန်ဂျာယာ ဆေးရုံကြီးတွင် ဆေးကုသပေးနေရပြီး မလေးရှားနိုင်ငံတွင် တရားမဝင်အလုပ်သမားဖြစ်သဖြင့် အမှုဖွင့်ရန်လည်း အခက်အခက်ရှိနေကြောင်း သိရသည်။
ယင်းအပြင် ဦးဇော်မြင့်ထွန်းမှာ ဆေးကုသစရိတ် အရေးပေါ် ကူညီပေးရန် လိုအပ်နေကြောင်းလည်း ကူညီပေး နေသူများက ဆိုကြသည်။
မလေးရှား နိုင်ငံတွင် ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ်လေ့ရှိပြီး ရခိုင်အလုပ်သမားများအနေဖြင့် ဂရုတစိုက် သွားလာ နေထိုင်သင့်ကြောင်း မလေးရှားရောက် ရခိုင်အလုပ်သမားများက ဆိုကြသည်။
“မလေးရှားနိုင်ငံမှာက အဲဒီလိုဖြစ်စဉ်တွေ မကြာခဏရှိတယ်။ အခင်ဖြစ်ပြီးဆိုရင် နိုင်ငံခြားသားတွေကပဲ ခံရ တယ်။ မလေးရှားနိုင်ငံသားတွေကတော့ ထွက်ပြေး၊ ရှောင်တိမ်းပြီး လွတ်မြောက်သွားတဲ့ သူတွေ အရင်တုန်း ကလည်း ရှိခဲတယ်။ ဆိုတော့ ဘာဖြစ်ဖြစ် ရခိုင်တွေ အနေနဲ့ အနေအထိုင် အသွားအလာတွေ ဆင်ခြင်ဖို့နဲ့ သူတို့နဲ့ အဆင်ပြေအောင်နေတတ်ဖို့လိုတယ်” ဟု မလေးရှားရောက် ရခိုင်အလုပ်သမား တစ်ဦးဖြစ်သူ ကိုလင်းမြင့် ကပြောသည်။
အလုပ်အကိုင်ရှားပါးခြင်း စစ်ရေးပဋိပက္ခတို့ကြောင့် ရခိုင်ဒေသခံ အများအပြားမှာ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများ တွင် အလုပ်လုပ်ကိုင်လျက်ရှိနေကြပြီး တရားဝင် အလုပ်သမားများရှိသလို တရားမဝင်သူ အများအပြားရှိကြောင်း သိရသည်။