- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
- ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ချက်ကြောင့် စစ်တွေတွင် ဆေးဝါးပြတ်လပ်လာ
- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
စစ်ဘေးရှောင်များအနေဖြင့် ငါးသိုင်းချောင်းမြို့တွင် နေထိုင်မည်ဆိုပါက လူတစ်ဦးလျှင် ငွေကျပ် ၅ သောင်းစီပေးရမည်ဟု ရှေ့ဆောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးက တောင်းခံနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။
30 Dec 2024

DMG ၊ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့သို့ ရွှေ့ပြောင်းလာကြသည့် ရခိုင်က စစ်ဘေးရှောင်များထံမှ နေထိုင်ရေးအတွက် ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
စစ်ဘေးရှောင်များအနေဖြင့် ငါးသိုင်းချောင်းမြို့တွင် နေထိုင်မည်ဆိုပါက လူတစ်ဦးလျှင် ငွေကျပ် ၅ သောင်းစီပေးရ မည်ဟု ရှေ့ဆောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးက တောင်းခံနေခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။
“လူတစ်ယောက်ကို ငါးသောင်းတောင်းတယ်။ မိသားစုထဲ လူလေးယောက်ပါရင် နှစ်သိန်းဆိုပြီးတောင်းတာ။ မပေးရင် နေခွင့်မပေးဘူးလို့ ပြောတယ်။ အိမ်ငှားနေနေ၊ ဆွေမျိုးအိမ်ပဲနေနေ တောင်းတာပဲ” ဟု ဂွဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ခွေးတောက်၊ မိတ်သလင်၊ သီတာကုန်းပြင်၊ ရေနောက်၊ ဒရေကုန် စသည့် ကျေးရွာများတွင် ခိုလှုံနေသည့် ရခိုင်ကစစ်ဘေးရှောင်များကို နေရာရွှေ့ပြောင်းရန် ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထားပြီး နေရာရွှေ့ပြောင်းရန် စစ်ကောင်စီက ဖိအားပေးခဲ့သည်။
ထို့ကြောင့် စစ်ဘေးရှောင်းများ ဒီဇင်ဘာ ၂၂ ရက်မှစ၍ ကျုံပျော်၊ ဟင်္သာတနှင့် ငါးသိုင်းချောင်းဘက်သို့ ရွှေ့ပြောင်းခဲ့ကြသည်။
ငါးသိုင်းချောင်းသို့ ရွှေ့ပြောင်းလာသည့် စစ်ဘေးရှောင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငွေကြေးတောင်းခံနေသဖြင့် နေထိုင်ရေးနှင့်ပတ်သက်၍ အခက်ကြုံနေကြခြင်းဖြစ်သည်။
ပုသိမ်တွင် စစ်ရှောင်နေသည့် သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက “စားဖို့သောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေကြတာ တစ်ယောက်ကို ငါးသောင်းတောင်းလိုက်တော့ အကြွေးတင်ရုံပဲ ရှိမယ်။ အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း ဒီလို ဖိနှိပ်မနေဘဲ စစ်ရှောင်တွေဘက်ကို နည်းနည်းလောက် ကြည့်ပေးသင့်တယ်” ဟု ပြောသည်။
ရခိုင်ဒေသတွင်း တိုက်ပွဲများကြောင့် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့မှ ဒေသခံသောင်းနှင့်ချီမှာ ဧရာဝတီတိုင်းနှင့် ပဲခူးဘက်သို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်လျက်ရှိကြသည်။
လက်ရှိတွင် ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှုမရရှိ၍ စားဝတ်နေရေးအခက်အခဲ များရင်နှင်နေရသည့်အပြင် ဖိနှိပ်ခံရရမှု၊ စစ်ကောင်စီ ဖမ်းဆီးမှုတို့ကြောင့် လုံခြုံမှုကင်းမဲ့နေကြရသည်။