- "ညီနောင်သုံးဖွဲ့ကို ရှမ်းမြောက်တစ်ခုလုံးရဲ့ စံပြအဖြစ် စည်းစည်းလုံးလုံး ရှိချင်တယ်"
- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ကို ယနေ့ စတင်ရပ်နား
ကိုရိုနာဗိုင်းရပ်စ်(COVID -19 )အန္တရာယ်ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ကို ယနေ့ မတ်လ ၂၅ ရက်နေ့က စတင်ပြီး ယာယီရပ်နားထားလိုက်သည်။
25 Mar 2020

ခင်သရဖီဦး | DMG
မတ်လ ၂၅ ၊ စစ်တွေ
ကိုရိုနာဗိုင်းရပ်စ်(COVID -19 )အန္တရာယ်ကြောင့် ရခိုင်ပြည်နယ်လွှတ်တော်ကို ယနေ့ မတ်လ ၂၅ ရက်နေ့က စတင်ပြီး ယာယီရပ်နားထားလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျနော်တို့အားလုံး သတိထားရပါမယ်။ အစိုးရနဲ့လွှတ်တော်လည်း ပူပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ကိုယ်စားလှယ်များနဲ့ အစည်းအဝေးတက်ရောက်သူများခင်ဗျား၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အခုကျင်းပနေတဲ့ အစည်းအဝေးကို ယာယီရပ်နားဖို့ စီစဉ်ထားပါတယ် ” ဟု ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံ ကျော်လှက ပြောသည်။
ရခိုင်ပြည်နယ်အတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများအနေဖြင့် လူစုလူဝေး ဖြင့် ကျင်းပပြုလုပ်ရမည့် တွေ့ဆုံပွဲများ၊ အခမ်းအနား၊ ဟောပြောပွဲများ၊ အစည်းအဝေးများနှင့် သင်တန်းများအား မကျင်းပရန် ပြည်နယ်အစိုးရအဖွဲ့ကလည်း မတ်လ ၂၃ ရက်နေ့က အမိန့်ကြေငြာစာထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိသူများကိုတွေ့ရှိထားသဖြင့် အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်က စစ်ဘေးရှောင်များအတွက် စိုးရိမ်မိသည်ဟု ဦးစံကျော်လှက ပြောသည်။
“အထူးသဖြင့် ဒုက္ခသည်စခန်းအသီးသီးကို ရောက်ရှိနေတဲ့ ကျနော်တို့ရဲ့ ပြည်သူ တစ်သိန်းငါးသောင်းကျော် အတွက် အထူးအရေးကြီးပါတယ်”ဟု ၎င်းကဆိုသည်။
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။
ထို့နောက် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံဖြတ်တောက်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သတင်းအချက်အလက်များ မြန်မြန် ဆန်ဆန်သိရှိရန် အရေးကြီးသောကြောင့် ရခိုင်နှင့်ချင်းပြည်နယ်က မြို့နယ်(၉)မြို့နယ်ကို အင်တာနက် ပြန် လည်ပြန်ဖွင့်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများက တောင်းဆိုနေကြသည်။