- ပေါက်တော၊ မြေငူကျွန်းက စစ်ဘေးရှောင်များ ထမင်းရည်သောက်နေကြရ
- သက်ဆင်သည် မိမိကို ထိုင်းအစိုးရ လျှို့ဝှက်စာရွက်စာတမ်းများ ပေးခဲ့ဖူးကြောင်း ဟွန်ဆန်ထုတ်ပြော
- နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်
- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရသည့် ရခိုင်က ကျောင်းသားလေးဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရ
စစ်ရေးဆန့်ကျင်လှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံရပြီး တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရသည့် ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများထံမှသိရသည်။
16 Sep 2021
DMG ၊ စက်တင်ဘာ ၁၆
စစ်ရေးဆန့်ကျင်လှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံရပြီး တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရသည့် ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများထံမှသိရသည်။
ကျောင်းသားလေးဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရခြင်းဖြစ်ပြီး ဘေး/စီ/မံ ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခံရခြင်းဖြစ်သည်။
စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အမှုနှစ်ခုဖြင့် တရားစွဲဆိုခံခဲ့ရသူများမှာ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။
ရခိုင်ကျောင်းသားလေးဦးတို့မှာ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် တရားစွဲဆိုခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ကျောင်းသားလေးဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ တို့ဖြင့် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် ထောင်ဒဏ်အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။