- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
မုတ်သုံလေအားကောင်းနေ၍ ရခိုင်တွင် မိုးဆက်လက်ရွာသွန်းမည်
ရခိုင်တွင် မိုးရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်နေပြီး ဒေသခံများမှာ ကုန်းမြင့်ပိုင်းနေရာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်။
02 Aug 2024

DMG ၊ ဩဂုတ် ၂
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေသေး၍ ရခိုင်ပြည်နေရာအနှံ့အပြားတွင် မိုးဆက်လက်ရွာသွန်းမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
မိုးရာသွန်းမှုနှင့်အတူ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။
မိုးသက်သေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်ရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ကမ်းလွန်ပင်လယ်ပြင် တို့တွင် ၈ ပေမှ ၁၀ ပေခန်လှိုင်းမြင့်တက်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။
ရခိုင်တွင် မိုးရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်နေပြီး ဒေသခံများမှာ ကုန်းမြင့်ပိုင်းနေရာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်။
ဒီရေမြင့်တက်မှုကြောင့် လယ်ကွင်းများရေနစ်မြုပ်နေပြီး အခက်အခဲများကြားမှ ထွန်ယက်စိုက်ပျိုးထားသော စပါးပင်များပျက်စီးမည်ကို လယ်သမားများက စိုးရိမ်နေကြသည်။
ရခိုင်တွင် ဇူလိုင်လလယ်ပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေခြင်းဖြစ်ပြီး စစ်ဘေးရှောင်စခန်း၌ နေထိုင်သူများမှာ ချက်ပြုတ်စားသောက်ရေးပိုင်းမှာ အခက်အခဲကြုံနေကြရသည်။