နပခကိုကာကွယ်ရန် စစ်ကောင်စီတပ်စခန်းများ ထပ်တိုးချထား

Admin 15 Jun 2024

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ကာကွယ်ရန်အတွက် မြို့အပြင်ဘက်တွင် တပ်စခန်း ၅ ခုအထိ ထပ်တိုးချထားကြောင်း သိရသည်။

စစ်တွေမြို့အနီး ကျေးရွာ (၁၂)ရွာမှ ဒေသခံများ မြို့ထဲသို့ အတင်းအကြပ် ရွှေ့ပြောင်းခံနေရ

Admin 15 Jun 2024

ဇွန်လ ၉ ရက်မှ ၁၄ ရက်အတွင်း ကျေးရွာအတွင်းမှ လူတစ်ယောက်မကျန် ပြောင်းရွှေ့ရမည်ဟု အမိန့်ထုတ်ကာ ဓမ္မာရာမ၊ ဝိဘဇ္ဇာဝါဒီ၊ စစ်ကဲ စသည့် ဘုန်းတော်ကြီးကျောင်းများနှင့် တခြားနေရာများတွင် နေရာချပေးထားသည်။  

တောင်ကုတ် - ပန်းတောင်းလမ်းပိုင်းကို AA ယာယီပိတ်

Admin 15 Jun 2024

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်းကို ဆက်သွယ်ထားသော တောင်ကုတ် - ပန်းတောင်ကားလမ်းပိုင်းကို အာရက္ခတပ်တော်(AA)က ယာယီကန့်သတ်ပိတ်ပင်ထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်က တံတား ၇ စင်းကို စစ်ကောင်စီဖျက်ဆီး 

Admin 14 Jun 2024

စစ်ရေးပြင်းထန်နေသော ရခိုင်ပြည် မောင်တောမြို့နယ်နှင့် အမ်းမြို့နယ်ရှိ တံတား ၇ စင်းကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။ 

လေးလအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၆ ကြိမ် ကျူးလွန်ခဲ့ 

Admin 14 Jun 2024

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၄၆ ခုအထိ ကျူးလွန်ခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်သည်။ 

ဒေသအုပ်ချုပ်ရေးတွင် သက်ဆိုင်ရာမျိုးနွယ်စုအလိုက် နေရာပေးထားကြောင်း AA ပြော 

Admin 14 Jun 2024

ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်သူများနှင့်ပတ်သက်၍ မျိုးနွယ်စုရေးရာကော်မတီ ဖွဲ့စည်းထားပြီး ဒေသအလိုက် နေရာပေးထားကြောင်း ဇွန်လ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။ 

သံတွဲတိုက်ပွဲ စစ်ကောင်စီဒရုန်းပစ်ခတ်မှု ၎င်းတို့တပ်သားများထံကျ၍ ၁၀ ဦးထက်မနည်း သေဆုံး 

Admin 14 Jun 2024

ရခိုင်ပြည်၊ သံတွဲမြို့ လေယာဉ်ကွင်းအနီးတိုက်ပွဲတွင် စစ်ကောင်စီက ဒရုန်းပစ်ကူဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ၎င်းတို့တပ်ဖွဲ့ဝင်များထံ ကျရောက်သဖြင့် ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရသည်။

တောင်ကုတ်က စစ်ကောင်စီတပ်ရင်းများတွင် မွတ်ဆလင်စစ်သားအင်အားဖြည့်

Admin 13 Jun 2024

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်မ စကခ (၅)၊ ခမရ (၅၄၄)၊ ခမရ (၃၄၆) တို့ရှိပြီး ယင်းတပ်ရင်းများထဲတွင် ဇွန်လအစောပိုင်းမှစ၍ စစ်သင်တန်းဆင်း မွတ်ဆလင်များကို မြင်နေရကြောင်း မြို့ခံများက ပြောသည်။

ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို AA အရှိန်မြှင့်ထိုးစစ်ဆင်နေ 

Admin 13 Jun 2024

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။ 

စစ်ရေးပဋိပက္ခကြား ပြည်သူများတိမ်းရှောင်ရန် နယ်မြေကျဉ်းကျပ်လာ

Admin 13 Jun 2024

စစ်ရေးနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ အရပ်သားပြည်သူများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်ရေးမှာ ပိုမိုခြိမ်းခြောက်ခံနေရသည်ဟု BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်စာစောင်တွင် ဖော်ပြသည်။

ပိတ်မိနေသည့် ဂေါ့ကျေးရွာသား တစ်ထောင်ကျော်ကို AA ကယ်ထုတ်

Admin 13 Jun 2024

သံတွဲမြို့နယ်၊ ဂေါ့ကျေးရွာအနီးတွင် ဇွန်လ ၂ ရက်မှစ၍ တိုက်ပွဲဖြစ်ခဲ့ကြပြီး သံတွဲလေဆိပ်အနီး စပါးကြီးကျေးရွာထွက်ဝကနေ စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ကျေးရွာအတွင်း လူဦးရေ ၁,၀၀၀ ကျော် ပိတ်မိနေသည်။

သံတွဲရှိ စစ်ကောင်စီအမြောက်များကို တောင်ကုတ်သို့ ရွှေ့ပြောင်းနေ 

Admin 13 Jun 2024

တောင်ကုတ်မြို့နယ်တွင် ဇွန်လအစောပိုင်းမှစ၍ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ခြင်း၊ လူနှင့် လက်နက်အင်အား ဖြည့်တင်းခြင်း စသည့် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေသည်။

မောင်တော အလယ်သံကျော်စခန်းကို AA သိမ်းပိုက်

Admin 13 Jun 2024

အာရက္ခတပ်တော်(AA)က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အလယ်သံကျော်စခန်းကို ဇွန်လ ၁၂ ရက် ညအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဗျိုင်းဖြူရွာသားနှစ်ဦး စစ်ကြောရေးဒဏ်ရာကြောင့် သေဆုံး

Admin 12 Jun 2024

စစ်ကောင်စီဖမ်းဆီးထားသည် စစ်တွေမြို့၊ ဗျိုင်းဖြူရွာဒေသခံ အမျိုးသားနှစ်ဦးမှာ စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာကြောင့် ဇွန်လ ၁၁ ရက်တွင် စစ်တွေဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။ 

စစ်ကောင်စီပစ်ခတ်မှုကြောင့် ကျောက်ဖြူနှင့် မြေပုံတွင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရ 

Admin 12 Jun 2024

ရခိုင်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်ဖြူနှင့် မြေပုံမြို့နယ်တို့မှ ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ရခိုင်တွင် စစ်ကောင်စီလူ့အခွင့်အရေးချိုးဖောက်မှု မြင့်တက်နေဆဲ 

Admin 11 Jun 2024

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာ)၏ လေ့လာစောင့်ကြည့်ချက်အရ ရခိုင်တွင် ဇွန်လ ၁ ရက်မှ ၇ ရက်ထိ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ၉ ကြိမ်အထိကျုးလွန်ခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၉ ခုအနက် အများဆုံး ဖြစ်သည်။ 

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီ အမှုဖွင့် 

Admin 11 Jun 2024

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးနောက် ဒေသခံ ၁၀၀ ခန့်ကို စစ်တွေအခြေစိုက် ခလရ (၂၀) သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ နှစ်ပတ်ခန့်အကြာတွင် ရဲလက်သို့အပ်ကာ အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ 

တရုတ်စီမံကိန်းများစွာရှိသည့် ကျောက်ဖြူမြို့အခြေအနေ ဘယ်လိုရှိနေလဲ

Admin 11 Jun 2024

လက်ရှိတွင် စစ်ကောင်စီအာဏာသက်ရောက်မှုမှာ ကျောက်ဖြူမြို့နှင့် စီမံကိန်းတည်ရှိရာ မဒေးကျွန်းအပါအဝင် မြို့အနီးရှိ ကျေးရွာ ၁၂ ရွာခန့်သာရှိပြီး အခြားနယ်မြေများတွင် အာရက္ခတပ်တော်(AA)က စိုးမိုးထားသည်။ 

မောင်တော အလယ်သံကျော်စခန်းကို AA ဝိုင်းရံပိတ်ဆို့ထား

Admin 11 Jun 2024

မောရဝတီအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၄)ကို AA က သိမ်းပိုက်ပြီးနောက် အလယ်သံကျော်စခန်းကို ဝိုင်းရံပိတ်ဆို့ထားခြင်း ဖြစ်သည်။ 

တရုတ်ကြားဝင်သော်လည်း ရခိုင်စစ်ပွဲရပ်တန့်ရန် အစီအစဉ်မရှိသေး

Admin 10 Jun 2024

အပစ်ရပ်စဲရေးမှာ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီ၏ လုပ်ရပ်အပေါ် အများကြီးမူတည်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ဇွန် ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

Showing 1,101-1,120 of 8,653 items.