တိုက်ပွဲပြင်းထန်နေချိန် ဆာဆာကာဝါ ရောက်လာခြင်းအပေါ် နိုင်ငံရေးအကဲခတ်များ အမြင်
01 Dec 2023
မစ္စတာ ဆာဆာကာဝါမှာ ရခိုင်တိုက်ပွဲကာလအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းပေးခဲ့သူဖြစ်သည်။ လက်ရှိ ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးပြင်းထန်နေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။