မောင်တော ကိုင်းကြီးရဲကင်းစခန်းကို AA ထိုးစစ်ဆင်နေ
25 Nov 2023
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီး(ရခိုင်)ကျေးရွာအနီးရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။
25 Nov 2023
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကိုင်းကြီး(ရခိုင်)ကျေးရွာအနီးရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။
25 Nov 2023
လက်ရှိတွင် ရခိုင်ပြည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ စုစုပေါင်းမြို့နယ်(၇) ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။
24 Nov 2023
ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီဗျူဟာကုန်းမှ ယနေ့ ညနေ ၅ နာရီခန့်က ပစ်လိုက်သည့် လက်နက်ကြီးကျည်မှာ လိုင်ဂွင်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
24 Nov 2023
နိုဝင်ဘာလ ၂၁ ရက်၊ ည ၁၀ နာရီချိန်က သရက်အုပ်ဘုန်းတော်ကြီးကျောင်းသို့ စစ်ကောင်စီတပ်သား ၅၀ ခန့် ရောက်လာပြီး စစ်ဆေးစရာရှိသည်ဟုဆိုကာ ဆရာတော်နှင့် စစ်ဘေးရှောင် ၁၇ ဦးကို ဖမ်းဆီးသွားခဲ့သည်။
24 Nov 2023
နိုဝင်ဘာ ၂၁ ရက်နေ့က စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးမှာ ဦးခေါင်းတွင် ကျည်စထိမှန်၍ သေဆုံးခဲ့ရသည်။
24 Nov 2023
ကျောက်တော် - ပလက်ဝ ရေကြောင်းလမ်းကို နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက ပိတ်ထားသဖြင့် ပလက်ဝက ကျောင်သားများမှာ နေရပ်မပြန်နိုင်ဘဲ ပိတ်မိနေကြခြင်းဖြစ်သည်။
24 Nov 2023
၎င်းတို့ ၈ ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ပြီးနောက် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
24 Nov 2023
ကျောက်ဖြူမြို့သည် ပယ်လယ်ကျွန်းမြို့ဖြစ်သဖြင့် စားနပ်ရိက္ခာများကို အခြားမြို့နယ်များနှင့် ကျေးလက်ဒေသကို မှီခိုနေရပြီး ဆန်များကိုလည်း စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များမှ ရေလမ်းကြောင်းဖြင့် အဓိက သယ်ယူနေရခြင်းဖြစ်သည်။
23 Nov 2023
ရခိုင်ပြည်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒေသခံ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။
23 Nov 2023
ပေါက်တောမြို့ကို စစ်ကောင်စီနေဗီနှင့် စစ်တွေမြို့ရှိ အမှတ်(၁၂)ရဲတပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် ရပ်ကွက်တချို့တွင် မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
23 Nov 2023
ထွက်ပြေးတိမ်းရှောင်လာသူများ စားသောက်နေထိုင်ရေးနှင့်ပတ်သက်၍ ၎င်းတို့ ယာယီခိုလှုံရာကျေးရွာများရှိ ဒေသခံများက ဝိုင်းဝန်းကူညီပေးထားကြသည်။ လက်ရှိတွင် ၎င်းကျေးရွာများ၌လည်း ဆန်အပြင် ဆီ၊ ကြက်သွန်၊ ငရုတ် စသည့် အခြေခံစားသောက်ကုန်များ ပြတ်လပ်လာပြီဖြစ်သည်။
23 Nov 2023
လက်ရှိတွင် စစ်မက်ဖြစ်ပွားရာ ရခိုင်မြောက်ပိုင်းက စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ် ၁၀ ခုတွင် စာသင်ကျောင်းပေါင်း ၁,၂၀၀ ခန့် ပိတ်ထားရကြောင်း သိရသည်။
23 Nov 2023
စစ်တွေမြို့တွင် စစ်ကောင်စီက အရပ်သားများအား လိုက်လံဖမ်းဆီးမှုများ၊ ညအချိန် ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးမှုများ၊ ကလေးသူငယ်များကိုပါမကျန် ခေါ်ယူထိန်းသိမ်းမှုများရှိနေသည်။
23 Nov 2023
DMG စာရင်းအရ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးဖြစ်သည်။ ယင်းအထဲတွင် အမျိုးသား ၃၀ ကျော်၊ အမျိုးသမီး ၂၀ ကျော်နှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၁ ဦးထက်မနည်း ပါဝင်သည်။
22 Nov 2023
ပေါက်တောမြို့တွင် ဓားစာခံအဖြစ်ဖမ်းဆီးထားသော ဒေသခံ ၁၀၀ ကျော်ကို ယမန်နေ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ကယ်ထုတ်ခဲ့ပြီး ကျန်ရှိနေသူများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြောင်း AA ယနေ့ ထုတ်ပြန်ထားသည်။
22 Nov 2023
ရသေ့တောင်မြို့နယ် အခြေစိုက် ရေစိုးချောင်းဗျူဟာကုန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
22 Nov 2023
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်က ခလရ - ၃၆ တပ်ရင်းကို KNLA ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ ယင်းနောက် နိုဝင်ဘာလ ၂၀ ရက်ကစပြီး လမ်းများကို ပိတ်လိုက်ခြင်း ဖြစ်သည်။
22 Nov 2023
“လမ်းပိတ်ထားတော့ ကားတွေလည်း မရောက်တော့ဘူး။ ကုန်ထမ်းအလုပ်သမားတွေက အဲဒီအလုပ်ကို မှီခိုပြီး စားသောက်နေကြတာဆိုတော့ အဆင်မပြေဖြစ်ပြီပေါ့” ဟု တောင်ကုတ်မြို့နယ်၊ မှိုဟင်းတောကျေးရွာမှ ကုန်ထမ်းသမားတစ်ဦးက ပြောသည်။
22 Nov 2023
တကျော့ပြန်ရခိုင်တိုက်ပွဲတွင် ရက္ခိုင့်တပ်တော်(AA)က စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများမှာ လက်နက်ချအညံ့ခံမှုနှင့် စခန်းစွန့်ခွာပြီး နီးစပ်ရာစစ်ကောင်စီတပ်များသို့ သွားရောက်ပူးပေါင်းမှုများ ရှိနေသည်။
22 Nov 2023
စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် မြို့ခံများကို AA က ကယ်ထုတ်ရန်ကြိုးပမ်းရာမှ နှစ်ဘက်တိုက်ပွဲပြင်းထန်နေခြင်းဟု ဒေသခံများက ပြောသည်။