- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
တာလီဘန်တို့က အာဖဂန်အရာရှိဟောင်းများနှင့် အခြားသူအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂအစီရင်ခံစာ၌ ဖော်ပြ
တာလီဘန်များနှင့် ၎င်း၏မဟာမိတ်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာစစ်တပ် ထွက်ခွာချိန်မှစ၍ အာဖဂန်နစ္စတန်မှ အရာရှိဟောင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတကာစစ်တပ်နှင့် လက်တွဲလုပ်ဆောင်ခဲ့ကြသူများ အများအပြားကို သတ်ဖြတ်ခဲ့ကြကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂
တာလီဘန်များနှင့် ၎င်း၏မဟာမိတ်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာစစ်တပ် ထွက်ခွာချိန်မှစ၍ အာဖဂန်နစ္စတန်မှ အရာရှိဟောင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတကာစစ်တပ်နှင့် လက်တွဲလုပ်ဆောင်ခဲ့ကြသူများ အများအပြားကို သတ်ဖြတ်ခဲ့ကြကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဩဂုတ်လတွင် တာလီဘန်တို့ တိုက်ပွဲပြီးဆုံးပြီး အာဏာလွှဲပြောင်းယူခဲ့သော်လည်း အာဖဂန်နစ္စတန်ရှိ လူ ၃၉ သန်း၏ နေရေးထိုင်ရေး ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။
"ရှုပ်ထွေးပွေလီသော လူမှုရေးနှင့် စီးပွားရေးစနစ် တစ်ခုလုံး ပိတ်ကျသွားသည်" ဟု ဂူတာရက်စ်က ပြောကြားသည်။
ယခုအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် လူ့အခွင့်အရေးစောင့်ကြည့်ရေး စံနှုန်းအသစ် ဖန်တီးခြင်းအပါအဝင် ကုလသမဂ္ဂမစ်ရှင်တစ်ရပ် ပြန်လည်ဖွဲ့စည်းရန်ကို အတည်ပြုပေးရန်အတွက် ဂူတာရက်စ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအား အကြံပြုခဲ့သည်။
တာလီဘန်တို့သည် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့သော်လည်း အရာရှိဟောင်းများ၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် အမေရိကန်ဦးဆောင်သော နိုင်ငံတကာစစ်တပ် အဖွဲ့အစည်းအတွက် အလုပ် လုပ်ကိုင်ပေးခဲ့သူများကို တာလီဘန်တို့က သတ်ဖြတ်ခြင်း၊ အစဖျောက်ခြင်းများနှင့် အခြားသော အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိနေသည်ဟူသည့် ယုံကြည်ရလောက်သော စွပ်စွဲချက်များကို ကုလသမဂ္ဂမစ်ရှင်အနေဖြင့် ဆက်လက် လက်ခံရရှိနေဆဲဖြစ်ကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။
ကုလသမဂ္ဂမစ်ရှင်က ယုံကြည်ရလောက်သည်ဟု လက်ခံထားသော သတင်းအစီရင်ခံစာတွင် သြဂုတ်လ ၁၅ ရက်မှစ၍ လူအယောက် ၁၀၀ ကျော်အသတ်ခံခဲ့ရပြီး သုံးပုံနှစ်ပုံကျော်သည် တာလီဘန်များ သို့မဟုတ် ၎င်းတို့၏ ဆက်နွှယ်သူများ၏ စွပ်စွဲခြင်းကို ခံထားရသူများဖြစ်သည်ဟု အဆိုပါအစီရင်ခံစာက ဖော်ပြထားသည်။