- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အာဖဂန်ကာဘူးလေဆိပ် လူအုပ်အတွင်း IS နှစ်ဦး အသေခံဗုံးခွဲမှု ၈၅ ဦးသေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလေဆိပ်ပြင်ပတွင် နိုင်ငံမှ ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးအတွင်း အသေခံဗုံးခွဲမှုကြောင့် အမေရိကန်စစ်သား ၁၃ ဦးအပါအဝင် သေဆုံးသူစုစုပေါင်း ၈၅ ဦးရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Aug 2021

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလေဆိပ်ပြင်ပတွင် နိုင်ငံမှ ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် လူအုပ်ကြီးအတွင်း အသေခံဗုံးခွဲမှုကြောင့် အမေရိကန်စစ်သား ၁၃ ဦးအပါအဝင် သေဆုံးသူစုစုပေါင်း ၈၅ ဦးရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသေခံဗုံးခွဲသူ နှစ်ဦးအပါအဝင် သေနတ်သမားများသည် ထောင်နှင့်ချီရှိနေသည့် လူအုပ်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ အိုင်အက်စ်အဖွဲ့က မိမိတို့လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ကြာသပတေးနေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်အတွင်း ပေါက်ကွဲမှုနှစ်ခုနှင့်အတူ သေနတ်သံများဖုံးလွှမ်းနေခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ရိုက်တာသတင်းဌာနကို ဖြေကြားသည်။
တိုက်ခိုက်မှုကြီးတစ်ရပ် ဖြစ်ပေါ်လာနိုင်သဖြင့် လူအများ ထွက်ခွာကြရန် အနောက်နိုင်ငံများမှ အရာရှိများက လေဆိပ်တွင် သတိပေးပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အာဖဂန်မှ ကသောင်းကနင်း ဆုတ်ခွာမှုနှင့် ပတ်သက်ပြီး ဖိအားအများအပြား ရင်ဆိုင်နေရသည့် သမ္မတဘိုင်ဒန်က ယခုဖြစ်ရပ်ကြောင့် ကယ်ဆယ်ရေးခရီးစဉ်များ ရပ်ဆိုင်းသွားမည် မဟုတ်ကြောင်း ပြောကြားသည်။ ကျူးလွန်သူများအား အရေးယူသွားမည်ဟုလည်း သူကဆိုသည်။
“ကျွန်တော်တို့ မေ့လည်းမမေ့ဘူး။ ခွင့်လည်းမလွှတ်ဘူး။ ဒီလူတွေကို မရမကလိုက်ရှာမှာ ဖြစ်သလို သူတို့ရဲ့ လုပ်ရပ်အတွက် ပေးဆပ်ရပါလိမ့်မယ်” ဟု သမ္မတဘိုင်ဒန်က ပြောသည်။
သို့သော်လည်း အာဖဂန်နစ္စတန်မှ လေကြောင်း ကယ်ဆယ်ရေးခရီးစဉ်များသည် အင်္ဂါနေ့တွင် အဆုံးသတ်မည်ဖြစ်ကာ အမေရိကန် တပ်ဖွဲ့ဝင်များအားလုံးလည်း ထိုနေ့တွင် အပြီးအစီး ရုတ်သိမ်းမည်ဟု ဘိုင်ဒန်က ပြောသည်။
အာဖဂန်နစ္စတန်တွင် သြဂုတ်လ ၁၅ ရက်နေ့၌ တာလီဘန်တို့ တစ်နိုင်ငံလုံးကို ထိန်းချုပ်အပြီး နိုင်ငံမှ ထွက်ခွာသူအရေအတွက်သည် တစ်သိန်းထက်မနည်း ရှိနေပြီဖြစ်သည်။