- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဘရာဇီး အမေဇုန် သစ်တောပြုန်းတီးမှု ဇန်နဝါရီလတွင် စံချိန်တင်
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဘရာဇီးအမေဇုန်သစ်တော၌ သစ်တောပြုန်းတီးမှုသည် ယခုနှစ်အတွင်း ဇန်နဝါရီလ ပထမရက်သတ္တပတ် ၃ ပတ်ခန့်တွင်ပင် စံချိန်အသစ်သို့ရောက်ရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မုတ်သုံသစ်တောကြီး၏ တစ်ဟုန်ထိုး ယိုယွင်းပျက်စီးလာမှုသည် စိုးရိမ်စရာလက္ခဏာတစ်ခု ဖြစ်လာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၄
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ဘရာဇီးအမေဇုန်သစ်တော၌ သစ်တောပြုန်းတီးမှုသည် ယခုနှစ်အတွင်း ဇန်နဝါရီလ ပထမရက်သတ္တပတ် ၃ ပတ်ခန့်တွင်ပင် စံချိန်အသစ်သို့ရောက်ရှိခဲ့ပြီး ကမ္ဘာ့အကြီးဆုံး မုတ်သုံသစ်တောကြီး၏ တစ်ဟုန်ထိုး ယိုယွင်းပျက်စီးလာမှုသည် စိုးရိမ်စရာလက္ခဏာတစ်ခု ဖြစ်လာနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နယူးယောက်မြို့ မက်ဟန်တန် အကျယ်အဝန်း၏ ခြောက်ဆကျော် ရှိသည့် သစ်တော ၃၆၀ စတုရန်းကီလိုမီတာ ဧရိယာခန့်သည် ဘရာဇီး အမေဇုန်သစ်တောတွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့ အတွင်း ဖျက်ဆီးခံခဲ့ရသည်ဟု ဘရာဇီး အမျိုးသား အာကာသ သုတေသန ဌာနက ပြောကြားသည်။
ဇန်နဝါရီလ၏ ပထမဆယ်ရက်သို့ ရောက်ရှိချိန်တွင်ပင် ပျက်စီးမှုပြကိန်းဂဏန်းသည် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေခဲ့ပြီး ဘရာဇီးအမျိုးသား အာကာသသုတေသနဌာနက DETER ဂြိုလ်တု စောင့်ကြည့်ရေးအစီအစဉ် စတင်လွှတ်တင်စောင့်ကြည့်ချိန် ၂၀၁၅ ခုနှစ်မှစ၍ အဆိုးဆုံးအခြေအနေလည်း ဖြစ်သည်။
အဆိုပါအခြေအနေကြောင့် ၂၀၂၂ ခုနှစ်သည် ဘရာဇီး အမေဇုန်သစ်တောကြီးမားစွာပျက်စီးမှုဖြစ်မည့် နောက်ထပ်ခုနှစ်တစ်ခု ဖြစ်လာစေနိုင်မည့်အန္တရာယ်တွင် ရှိနေသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ဆိုသည်။ လက်ယာယိမ်းသမ္မတ ယဲဘော့ဆိုနာရို ၂၀၁၉ ခုနှစ်တွင် တာဝန်ယူချိန်မှစ၍ ဘရာဇီးအမေဇုန်သစ်တော၌ သစ်တောပြုန်းတီးမှုသည် တဖြည်းဖြည်း ဆိုးဝါးလာခဲ့သည်။
လယ်ယာလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကာအကွယ်ပေးထားသော မိုးသစ်တောများအား ရှင်းလင်းရန် တွန်းအားပေးခဲ့သော သမ္မတ ယဲဘိုဆိုနာရိုလက်ထက် သစ်တောပြုန်းတီးမှု တဟုန်ထိုးမြင့်တက်လာခဲ့သည်မှာ ယခုနှစ်နှင့်ပါဆိုလျှင် သုံးနှစ်ဆက်တိုက် ရှိနေပြီဖြစ်သည်။
လူသားမျိုးနွယ်အတွက် ရာသီဥတုပြောင်းလဲမှုကို တားဆီးနိုင်သော အဓိကအရင်းအမြစ်တစ်ခုဖြစ်သည့် အမေဇုန်မုတ်သုံသစ်တော တဖြည်းဖြည်းပျက်စီးလာနေမှုကြောင့် သမ္မတ ယဲဘိုဆိုနာရိုသည် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ဘရာဇီးနိုင်ငံ၏ အဓိက သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ အိုင်ဘာမာသည် ၂၀၂၁ ခုနှစ်အတွင်း ချမှတ်ထားသော ဘတ်ဂျက်၏ ၄၁ ရာခိုင်နှုန်းကိုသာ သုံးစွဲခဲ့ကြောင်း ရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။