- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
အာဏာသိမ်း ပါကစ္စတန်သမ္မတဟောင်း မူရှာရက် ကွယ်လွန်
ကြယ်လေးပွင့်အဆင့်ရှိသူ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော ပါဗက်မူရှာရက်သည် ၁၉၉၉ ခုနှစ်တွင် သွေးထွက်သံယို ဖြစ်စဉ်များမရှိဘဲ အာဏာသိမ်းယူခဲ့ကာ ပါကစ္စတန်နိုင်ငံကို ဆယ်စုနှစ်တစ်ခုနီးပါး အုပ်ချုပ်ခဲ့သည်။
05 Feb 2023
နာတာရှည်ရောဂါဖြင့် ဒူဘိုင်းရှိ ဆေးရုံတစ်ခုတွင် ကုသမှုခံယူနေသော ပါကစ္စတန်သမ္မတဟောင်း ပါဗက်မူရှာရက်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကွယ်လွန်သွားပြီးဖြစ်ကြောင်း ပါကစ္စတန် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။ သူသည် ကွယ်လွန်ချိန်၌ အသက် ၇၉ နှစ် ရှိပြီဖြစ်သည်။
ကြယ်လေးပွင့်အဆင့်ရှိသူ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော ပါဗက်မူရှာရက်သည် ၁၉၉၉ ခုနှစ်တွင် သွေးထွက်သံယို ဖြစ်စဉ်များမရှိဘဲ အာဏာသိမ်းယူခဲ့ကာ ပါကစ္စတန်နိုင်ငံကို ဆယ်စုနှစ်တစ်ခုနီးပါး အုပ်ချုပ်ခဲ့သည်။
၎င်းလက်ထက်တွင် နိုင်ငံ၏စီးပွားရေးသည် မြန်မြန်ဆန်ဆန် တိုးတက်ဖွံ့ဖြိုးခဲ့သလို မူဆလင်ရှေးရိုးစွဲ ပါကစ္စတန်တွင် လွတ်လပ်ပွင့်လင်းသည့် စံတန်ဖိုးများ ပြောင်းလဲကျင့်သုံးရန် ကြိုးပမ်းခဲ့သူလည်း ဖြစ်သည်။
၎င်း၏လုပ်ရပ်များကြောင့် မူရှာရက်သည် အမေရိကန်နှင့် အထူးသင့်မြတ်ခဲ့သလို အနောက်အသိုင်းအဝိုင်းတွင်လည်း မျက်နှာပွင့်ခဲ့သည်။ သို့သော်လည်း ပြည်တွင်း၌မူ အစွန်းရောက်များနှင့် အကြမ်းဖက်သမားများက ၎င်းကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရှိခဲ့သည်။
၎င်း၏ နောက်ပိုင်းနှစ်များတွင်မူ မူရှာရက်သည် အာဏာရှင်ဆန်သည့် အပြုအမူများ ပိုမိုရှိလာခဲ့သည်။
၎င်းအာဏာသိမ်းပြီး ၁၁ နှစ်အကြာ ၂၀၀၈ ခုနှစ်တွင် ပထမဆုံးအဖြစ် ပါကစ္စတန်၌ ရွေးကောက်ပွဲပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲတွင် မူရှာရက်၏ပါတီ ရှုံးနိမ့်ခဲ့သလို လွှတ်တော်က တရားစွဲဆိုမှုများလည်း ရင်ဆိုင်ခဲ့ရပြီးနောက် မူရှာရက်သည် လန်ဒန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ပါကစ္စတန်သို့ ပြန်လာခဲ့ပြီး ရွေးကောက်ပွဲဝင်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း သတ်မှတ်အရည်အချင်း မကိုက်ညီသဖြင့် ဝင်မပြိုင်ခဲ့ရပေ။ ၂၀၁၆ ခုနှစ်တွင် သူသည် ဒူဘိုင်းသို့ ပြောင်းရွှေ့နေထိုင်ခွင့် ရရှိခဲ့သည်။