- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
အပ်စတိန်းသတင်းနှင့် ပတ်သက်၍ သမ္မတထရမ့်က ဝေါစထရိဂျာနယ်ကို တရားစွဲပြီး ဒေါ်လာ ၁၀ ဘီလျံ အလျော်တောင်း
ဝေါစထရိဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရလိုကြောင်း ဇူလိုင်လ ၁၈ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
19 Jul 2025

ဝေါစထရိဂျာနယ်တွင် ဖော်ပြခဲ့သော သတင်းတစ်ပုဒ်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံရလိုကြောင်း ဇူလိုင်လ ၁၈ ရက်နေ့တွင် တရားစွဲဆိုလိုက်သည်ဟု ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။
ဒေါ်နယ်ထရမ့်သည် ၂၀၀၃ ခုနှစ်က ဂျက်ဖရီ အပ်စတိန်းထံသို့ မွေးနေ့ဂုဏ်ပြုစာ ပေးပို့ခဲ့ပြီး ထိုစာအတွင်း လိင်ပိုင်းဆိုင်ရာ ရည်ညွှန်းသည့်ပုံနှင့် ၎င်းတို့အချင်းချင်း သိထားသည့် လျှို့ဝှက်ချက်များကို ရည်ညွှန်းမှုတစ်ခုလည်း ပါဝင်သည်ဟု ဝေါစထရိသတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါသတင်းနှင့် ပတ်သက်ပြီး သမ္မတထရမ့်သည် ဂျာနယ်တိုက်ပိုက်ရှင် ရူးပါ့တ်မားဒေါ့၊ သတင်းထောက်နှစ်ဦးအပါအဝင် အခြား ဆက်စပ်သူများကို ဖလော်ရီဒါပြည်နယ် တောင်ပိုင်းခရိုင်ရှိ ဖက်ဒရယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
မိမိကို ဘဏ္ဍာရေးနှင့် ဂုဏ်သိက္ခာပိုင်း ညှိုးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သဖြင့် နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံထက်မနည်း ရလိုကြောင်း တရားစွဲဆို လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ဝေါစထရိဂျာနယ်ဘက်ကမူ မိမိတို့၏ သတင်း မှန်ကန်သည်ဟု အပြည့်အဝ ယုံကြည်ကြောင်းနှင့် တရားစွဲဆိုမှုအပေါ် အပြည့်အဝ ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားထားသည်။
ဂျက်ဖရီအပ်စတိုင်းသည် ချမ်းသာကြွယ်ဝသူများနှင့် အာဏာရှိသူများ ပျော်ပါးရန် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို ခေါ်ယူပေးမှုဖြင့် တရားစွဲဆို ဖမ်းဆီးခံခဲ့ရပြီးနောက် နယူးယောက်အကျဉ်းထောင်တွင် ၂၀၁၉ ခုနှစ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သူ ဖြစ်သည်။
ဒေါ်နယ်ထရမ့်အမည် ရေးသားဖော်ပြထားသည့် စာသည် အပ်စတိန်း၏ မွေးနေ့မှတ်တမ်း စာအုပ်တွင် တွေ့ရခြင်းဖြစ်ပြီး အဆိုပါစာအုပ်ထဲ၌ အခြား နာမည်ကြီး လူပုဂ္ဂိုလ်များ၏ မှတ်ချက်များလည်း ဖော်ပြပါရှိသည်ဟု ဝေါထရိသတင်းတွင် ဖော်ပြထားသည်။
ထရမ့်၏စာတွင် "ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ။ နေ့ရက်တိုင်းမှာ အံ့သြဖွယ်ရာ လျှို့ဝှက်ချက်တွေ ရရှိနိုင်ပါစေ" ဟု ရေးသားပြီး ဒေါ်နယ်ဟု လက်မှတ်ထိုးထားသည်။ အဆိုပါစာကြောင်းများအား အဝတ်ဗလာဖြင့် အမျိုးသမီးတစ်ဦးအသွင် ပုံဖော်ပြီး ရေးသားထားခြင်း ဖြစ်ကြောင်း ဝေါစထရိသတင်းတွင် ဖော်ပြထားသည်။