- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
သြစတြေးလျစစ်တပ်ရှိ ဥရောပလုပ်ရဟတ်ယာဉ်များအား အမေရိကန်ရဟတ်ယာဉ်များဖြင့် အစားထိုးမည်
ဥရောပဒီဇိုင်းဖြစ်သည့် တိုက်ပန်(Taipan)ရဟတ်ယာဉ်များကို အသုံးပြုမှုရပ်တန့်ပြီး ပိုမိုစိတ်ချရသည့် အမေရိကန်ထုတ် ဘလက်ဟော့(Blackhawk)နှင့် ဆီးဟော့(Seahawk) ရဟတ်ယာဉ်များဖြင့် အစားထိုးအသုံးပြုရန်စီစဉ်နေသည်ဟု သြစတြေးလျစစ်တပ်က သောကြာနေ့တွင်ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၀
ဥရောပဒီဇိုင်းဖြစ်သည့် တိုက်ပန်(Taipan)ရဟတ်ယာဉ်များကို အသုံးပြုမှုရပ်တန့်ပြီး ပိုမိုစိတ်ချရသည့် အမေရိကန်ထုတ် ဘလက်ဟော့(Blackhawk)နှင့် ဆီးဟော့(Seahawk) ရဟတ်ယာဉ်များဖြင့် အစားထိုးအသုံးပြုရန်စီစဉ်နေသည်ဟု သြစတြေးလျစစ်တပ်က သောကြာနေ့တွင်ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြင်သစ်ထံမှ ရေငုပ်သင်္ဘောများဝယ်ယူမည့်အစီအစဉ်ကို သြစတြေးလျကဖျက်သိမ်းလိုက်ပြီး အမေရိကန်နှင့် ဗြိတိန်တို့သုံးစွဲနေသည့် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများဝယ်ယူရန် စီစဉ်ပြီး သုံးလခန့်အကြာ၌ ယခုအစီအစဉ်ပေါ်ထွက်လာခြင်းဖြစ်သည်။
သြစတြေးလျစစ်တပ်က လက်ရှိအသုံးပြုနေသည့် တိုက်ပန်ရဟတ်ယာဉ် ၄၇ စီးရှိပြီး ပြင်သစ်နှင့် ဂျာမနီအခြေစိုက် Airbus ကုမ္ပဏီထံမှ ဝယ်ယူထားခြင်းဖြစ်သည်။ လက်ရှိတိုက်ပန်များသည် အသုံးပြုသက်တမ်း ၂၀၃၇ ခုနှစ်အထိရှိသော်လည်း အဆိုပါရဟတ်ယာဉ်များသည် မြေပြင်ဆင်းသက်ရေးတွင် အခက်အခဲများရှိနေသည်ဟု သတင်းတွင်ဖော်ပြသည်။
သြစတြေးလျအနေဖြင့် ၎င်းတို့ကို အသုံးပြုမှုရပ်ဆိုင်းပြီး အမေရိကန်အခြေစိုက် လော့ဟီးဒ်မာတင်ကုမ္ပဏီထုတ် ရဟတ်ယာဉ်အစီး ၄၀ ဖြင့် အစားထိုးသုံးစွဲမည်ဖြစ်သည်။
“တိုက်ပန်တွေက သတ်မှတ်ထားတဲ့အရည်အသွေး မပြည့်မီဘူး။ ဒီတော့ရှင်းပါတယ်”ဟု သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ပြောသည်။
“ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ဒီနိုင်ငံကိုကာကွယ်ရာမှာ ကောင်းနိုင်သမျှအကောင်းဆုံး လက်နက်ကိရိယာတွေရှိနေဖို့ သေချာပေါက်လိုအပ်တယ်။ ဘလက်ဟော့တွေက ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာပါ”ဟု သူကပြောသည်။
ရဟတ်ယာဉ်သစ်များအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလျံရှိမည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။