- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
လူ ၆ ဦးသေဆုံးခဲ့သည့် ချီကာဂိုပစ်ခတ်မှုတွင် သံသယရှိသူကို ရဲတပ်ဖွဲ့ ဖမ်းမိ
ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကို ကျူးလွန်သည်ဟု သံသယရှိသူအား ရဲတပ်ဖွဲ့က ဖမ်းမိထားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Jul 2022

DMG ၊ ဇူလိုင် ၆
ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကို ကျူးလွန်သည်ဟု သံသယရှိသူအား ရဲတပ်ဖွဲ့က ဖမ်းမိထားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ချီကာကိုမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဇူလိုင်လ ၄ ရက်နေ့က လွတ်လပ်ရေးနေ့ချီတက်ပွဲ ပြုလုပ်နေသည့် လူအုပ်ကြီးကို သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့သည့်အတွက် လူ ၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။
ပစ်ခတ်မှုကျူးလွန်သည်ဟု သံသယရှိသူ ရောဘက်ခရီမိုအား ရဲတပ်ဖွဲ့က ‘အလိုရှိသူ’ အဖြစ် ထုတ်ပြန်ကာ အင်အားအလုံးအရင်းဖြင့် ရှာဖွေခဲ့သည်။
ပစ်ခတ်မှုကြောင့် ကလေးသူငယ်များ အပါအဝင် လူ ၂ ဒါဇင်ခန့် သေနတ်ဒဏ်ရာများ ရရှိခဲ့သလို အချို့မှာ စိုးရိမ်ရသော အခြေအနေတွင် ကုသမှုခံယူနေရဆဲ ဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် ရောဘက်ခရီမိုအား ပစ်ခတ်မှုဖြစ်ပွားရာနှင့် ငါးမိုင်ခန့်အကွာတွင် ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။
သေနတ်သမားသည် စီးပွားရေးအဆောက်အအုံတစ်ခု၏ ထိပ်တွင် နေရာယူပြီး အင်အားပြင်းသည့် ရိုင်ဖယ်တစ်လက်နှင့် လူအုပ်ထဲသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
သမ္မတဂျိုးဘိုင်ဒန်နှင့်ကတော်တို့က ‘လွတ်လပ်ရေးနေ့တွင် အမေရိကန်အသိုင်းအဝိုင်းအတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်ခဲ့ရပြန်သည့် ဆင်ခြင်ဉာဏ်မရှိသည့် သေနတ်အကြမ်းဖက်မှုကြောင့် အံ့သြတုန်လှုပ်ခဲ့’ ကြောင်း ပြောကြားသည်။
ပစ်ခတ်မှုကျူးလွန်သည်ဟု သံသယရှိသူ ခရီမိုသည် ရက်ပ်သီချင်းများ သီဆိုသူတစ်ဦးဖြစ်ကာ ဆိုရှယ်မီဒီယာ၌လည်း သီချင်းနှင့် ဗီဒီယိုများ အများအပြား တင်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။