- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
ထိုင်းတွင် ကိုဗစ်ကပ်ဘေးကြီးသည် လူများစုခုခံအားကြောင့် ယခုနှစ် အဆုံးသတ်တော့မည်ဟုဆို
ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ဘေးကြီးသည် ယခုနှစ်တွင် အဆုံးသတ်တော့မည်ဟု ချူလာလောင်ကွန်တက္ကသိုလ်ရှိ ဆေးဘက်ဆိုင်ရာ ရောဂါပိုးမွှားဗေဒ မဟာဌာနအကြီးအကဲက ပြောကြားလိုက်သည်။
22 Feb 2023
ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ဘေးကြီးသည် ယခုနှစ်တွင် အဆုံးသတ်တော့မည်ဟု ချူလာလောင်ကွန်တက္ကသိုလ်ရှိ ဆေးဘက်ဆိုင်ရာ ရောဂါပိုးမွှားဗေဒ မဟာဌာနအကြီးအကဲ ဒေါက်တာ ယွန်ပူဘော်ရာဝန်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ရေးသားထားသော ပို့စ်တစ်ခုတွင် ဒေါက်တာယွန်က ထိုင်းပြည်သူစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကိုဗစ်ရောဂါ ကူးစက်ခံရပြီး သို့မဟုတ် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီး ဖြစ်ကာ ကူးစက်မှု အရေအတွက်သည် ကျဆင်းလာတော့မည်ဟု ရေးသားထားသည်။
ထို့ပြင် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီး ကိုဗစ်ရောဂါပိုးလည်း ကူးစက်ခံဖူးသူသည် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး ရောဂါ မဖြစ်ဖူးသေးသူထက် ကိုဗစ်ကို ခုခံအား ပိုအားကောင်းသည်ဟုလည်း သူက ပြောကြားသည်။
ကိုဗစ်ကူးစက်မှု အသစ်များသည် ယခုလတွင် စတင်ကျဆင်းတော့မည် ဖြစ်ကာ မိုးရာသီ၌ တစ်ကျော့ပြန် မြင့်တက်လာနိုင်ပြီး ဇွန်လနှင့် အောက်တိုဘာလကြားတွင် ပြန်လည် ကျဆင်းသွားမည်ဟုလည်း ဒေါက်တာဝွန်က ခန့်မှန်းသည်။
ကိုဗစ်-၁၉ သည် တုပ်ကွေးကဲ့သို့ အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကဲ့သို့ ရာသီဖျားရောဂါ အဆင့်သို့ ရောက်သွားတော့မည်ဟု သူက ပြောသည်။
သီးခြားသတင်းတစ်ရပ်၌ ထိုင်းနိုင်ငံတွင် ကူးစက်မြန်ကိုဗစ်မျိုးကွဲသစ် XBB.1.5 ကူးစက်ခံထားရသည့် လူနာ နှစ်ဦးရှိကြောင်း ထိုင်းဆေးဝါးသိပ္ပံဌာနက (DMS) ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထုတ်ဖော်ပြောကြားထားသည်။ တစ်ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး နောက်တစ်ဦးမှာ နိုင်ငံခြားသား ဖြစ်သည်။ နှစ်ဦးလုံးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်နေပြီ ဖြစ်ကာ စိုးရိမ်စရာမရှိကြောင်း DMS ၏ ပြောကြားချက်အရ သိရသည်။