- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
နယူးဒေလီမှာ အဆောက်အအုံ မီးလောင်ကျွမ်းမှု အနည်းဆုံး ၂၇ ဦး သေဆုံး
အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် သောကြာနေ့က အဆောက်အအုံတစ်လုံး အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ပြီး လတ်တလောသေဆုံးသူ အနည်းဆုံး ၂၇ ဦးရှိကာ ဒဏ်ရာရသူ အများအပြားရှိကြောင်း အရေးပေါ်ကူညီကယ်ဆယ်ရေး ဝန်ထမ်းများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 May 2022

DMG ၊ မေ ၁၇
အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် သောကြာနေ့က အဆောက်အအုံတစ်လုံး အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ပြီး လတ်တလောသေဆုံးသူ အနည်းဆုံး ၂၇ ဦးရှိကာ ဒဏ်ရာရသူ အများအပြားရှိကြောင်း အရေးပေါ်ကူညီကယ်ဆယ်ရေး ဝန်ထမ်းများ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နယူးဒေလီအနောက်ပိုင်းရှိ လေးထပ်တိုက် အဆောက်အအုံတစ်ခုတွင် သောကြာနေ့နှောင်းပိုင်းက အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ လောင်ကျွမ်းရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“မီးကျွမ်းထားတဲ့အလောင်း ၂၇ လောင်းတွေ့ထားပါတယ်။ ဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရသူလည်း ၂ ဒါဇင်နီးပါးရှိပါတယ်” ဟု မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ နယူးဒေလီမီးသတ်ဌာန တာဝန်ခံ ဆာပါဘာရာဝက်က အေအက်ဖ်ပီသို့ ဖြေကြားသည်။
မီးလောင်မှုဖြစ်ပွားစဉ် အဆောက်အအုံအတွင်း၌ လူ ရ၀ ခန့်ရှိသည်ဟု ဘာရာဝက်က ပြောကြသည်။
“အရေးပေါ်ထွက်ပေါက် မရှိတော့ အများစုက မီးခိုးမွန်ပြီး သေဆုံးကြရတာ” ဟု သူက ပြောသည်။
သေဆုံးသူအရေအတွက်သည် ထပ်တိုးလာဖွယ်ရှိသည်ဟုလည်း ဌာနဆိုင်ရာ တာဝန်ရှိသူများက ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံတွင် အဆောက်အအုံ ဆောက်လုပ်မှုများ ညံ့ဖျင်းခြင်း၊ လူနေထူထပ်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ အစီအစဉ်များ ညံ့ဖျင်းခြင်းတို့ကြောင့် မီးလောင်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
၂၀၁၉ ခုနှစ်ကလည်း ဒေလီတွင် ကျောပိုးအိတ်နှင့်ဖိနပ်စက်ရုံတစ်ရုံ၌ မီးလောင်မှုဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့သည်။
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် အပူဒဏ်ပြင်းထန်မှုကို အသည်းအသန်ခံစားနေရပြီး ပြီးခဲ့သောလကလည်း အပူဒဏ်ကြောင့် ဧရာမအမှိုက်ပုံကြီး မီးလောင်မှုသည် ရက်ပေါင်းများစွာကြာမြင့်ကာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့သည်။