- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ရှိ လက်ကျန်မြို့များဖြစ်သော စစ်တွေနှင့် ကျောက်ဖြူကို အာရက္ခတပ်တော်(AA) ထံ မကျဆုံးစေရေး စစ်ကောင်စီက ထိုးစစ်ဆင်နေကြောင်း စက်တင်ဘာ ၅ ရက်တွင် AA ထုတ်ပြန်သည်။
06 Sep 2025

DMG ၊ စက်တင်ဘာ ၆
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ရှိ လက်ကျန်မြို့များဖြစ်သော စစ်တွေနှင့် ကျောက်ဖြူကို အာရက္ခတပ်တော်(AA) ထံ မကျဆုံးစေရေး စစ်ကောင်စီက ထိုးစစ်ဆင်နေကြောင်း စက်တင်ဘာ ၅ ရက်တွင် AA ထုတ်ပြန်သည်။
စစ်ကောင်စီ ထိုးစစ်ဆင်နေသော်လည်း အဆိုပါ မြို့များကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ထား၍ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု များပြားနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
" လက်ကျန် စခန်းတွေမကျစေဖို့ စစ်ကောင်စီ ထိုးစစ်ဆင်နေပေမယ့် အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေရဲ့ ကြံ့ကြံ့ခံ စိတ်ဓာတ်၊ စုစည်းညီညွှတ်တဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်အောက်မှာ အထိအခိုက် အကျအဆုံးများစွာနဲ့ ဆက်လက် ကြုံတွေ့နေရပါတယ် " ဟု AA ထုတ်ပြန်ချက်က ဆိုသည်။
လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်စစ်ဆိုင်ထားသည့် အခြေအနေတွင် ရှိနေပြီး စစ်ကောင်စီသည် AA ထိန်းချုပ်ထားသည့် ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်ဖက်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
" စစ်တွေမှာ လက်နက်ကြီးပစ်တာတွေ ဘာတွေ သိပ်မရှိဘူး။ သုံးလေးရက်လောက်တော့ ရှိပြီ။ နှစ် ဖက်စလုံးကတော့ အင်အားဖြည့်တာတွေနဲ့ စောင့်ကြည့်လှုပ်ရှားတဲ့ အနေအထားတွေ့ရတယ်" ဟု ပုဏ္ဏားကျွန်းဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယခုအခါ စစ်တွေကနေ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု စစ်ရေးလှုပ်ရှားမှုတို့ကြောင့် စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာပေါင်း ၃၀ ကျော်မှာ ယာယီအရေးပေါ်ရွှေ့ပြောင်းနေရကြောင်း သိရသည်။
အလားတူ ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်ဌာနချုပ်၊ သဘာဝဓာတ်ငွေ့လက်ခံသိုလှောင်ပို့ဆောင်ရုံ (OGT)နှင့် အမှတ်(၃၂)ရဲတပ်ရင်းအနီးတို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများရှိနေကြောင်း သိရသည်။
စစ်ကောင်စီ၏ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိနေပြီး ပင်လယ်ပြင်ရှိ စစ်ကောင်စီ နေဗီများမှလည်း အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်ကောင်စီဖက်မှ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ရေနံတောင်၊ မင်းပြင်၊ ကျောက်ပြောက်၊ ဇင်ချောင်းစသည့် ကျေးရွာများကို စစ်သင်္ဘောများမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေသည်။
စစ်ကောက်စီသည် ရွေးကောက်ပွဲကို အကြောင်းပြ၍ AA အပေါ် ထိုးစစ်ပြင်းထန်လာလျှင် စစ်တွေ၊ ကျောက်ဖြူတိုက်ပွဲများမှာ ပိုပြင်းထန်လာမည်ဖြစ်ကြောင်း ရခိုင်စစ်ရေးစောင့်ကြည့်နေသူများက ပြောသည်။
" လက်တလော စစ်ရေးအခြေအနေကို ကြည့်ရင် AA ဖက်ကတော့ ထိုးစစ် အပြင်းအထန်မရှိဘူးလို့ သုံးသပ်လို့ ရတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီရဲ့ထိုးစစ်ကြောင့် ဖြစ်တယ်။ AA ဟာ ရောက်တဲ့ နေရာကနေ အင်အားဖြည့်ပြီး ချိန်ရွယ်ထားတဲ့ သဘော။ အဓိကတော့ ကျောက်ဖြူစစ်မျက်နှာမှာ အများကြီးတွေ့ရတယ်။ စစ်တွေကိုတော့ ခြိမ်းခြောက်ထားပြီး အဝေးကနေ လှုပ်ရှားနေတဲ့ သဘောမှာရှိတယ်။ စစ်ရေးအခြေအနေတွေကတော့ စစ်ကောင်စီဖက်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အားတင်ပြီး AA ကို ဖိလာမယ် ဆိုရင်တော့ တိုက်ပွဲပြင်းလာနိုင်တယ် " ဟု ရခိုင်စစ်ရေး စောင့်ကြည့်နေသူ တစ်ဦးက ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် ရခိုင်ပြည်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ကျန်မြို့များဖြစ်သော စစ်တွေ၊ ကျေက်ဖြူ၊ မာန်အောင်တို့ကိုလည်း ဝိုင်းပတ်ပိတ်ဆို့ထားသည်။
၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာတွင် စတင်ခဲ့သည့် ရခိုင်မြို့သိမ်းတိုက်ပွဲများမှာ ၂ နှစ်နီးပါးကြာမြင့်လာပြီဖြစ်ပြီး ရခိုင်လူထုတစ်ရပ်လုံး၏ လက်ကျန်ရည်မှန်းချက်များ အပြည့်အဝရသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။