- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
စီးပွားရေး ၃.၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသဖြင့် စီးပွားရေးကျဆင်းမှုမှ သြစတေးလျ ပြန်လည် ရုန်းထွက်
သြစတြေးလျနိုင်ငံ၏ စီးပွားရေးသည် တတိယသုံးလပတ်တွင် ၃.၃ ရာခိုင် နှုန်းတက်လာပြီး ဆယ်စုနှစ်သုံးခုနီးပါးအတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုမှ အကောင်းဘက်သို့ တိုးတက်လာပြီး ကပ်ရောဂါနှင့်ဆက်စပ်သည့် သက်ရောက်မှုများမှလည်း ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ သိရသည်။
03 Dec 2020

သြစတြေးလျနိုင်ငံ၏ စီးပွားရေးသည် တတိယသုံးလပတ်တွင် ၃.၃ ရာခိုင် နှုန်းတက်လာပြီး ဆယ်စုနှစ်သုံးခုနီးပါးအတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုမှ အကောင်းဘက်သို့ တိုးတက်လာပြီး ကပ်ရောဂါနှင့်ဆက်စပ်သည့် သက်ရောက်မှုများမှလည်း ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ သိရသည်။
သြစတြေးလျဘဏ္ဍာရေးဝန်ကြီး ဂျော့ရှ် ဖရစ်ဒန်ဘာ့ဂ်က နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိ နာခဲ့ရသည့် အလှည့်အပြောင်းကို ပြန်လည်ကုစားရမည့်နယ်ပယ် များစွာရှိနေသေးကြောင်း သတင်း ထောက်များကို ပြောကြားခဲ့သည်။
“သြစတြေးလျ စီးပွားရေးကျဆင်းမှုဟာ ကျော်လွန်လာကောင်းလာပြီဖြစ်သော်လည်း သြစတြေးလျ စီးပွားရေး ပြန်လည်ဦးမော့လာပြီဟုပြော၍ မရသေးပါ။” ဟု ၎င်းကပြောကြားခဲ့သည်။
နောက်ဆုံးသုံးလပတ်တွင် တိုးတက်လာစေကာမူ စီးပွားရေးမှာမူ နှစ်စဉ်တိုးတက်မှုနှုန်းတွင် ၃.၈ ရာခိုင် နှုန်းဖြင့် ကျဆင်းခဲ့သည်။ ပထမသုံးလပတ်တွင် ဂျီဒီပီသည် ဝ.၃ ရာခိုင်နှုန်းနှင့် ဒုတိယသုံးလပတ်တွင် ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက်ပိုင်း လက်ရှိစီးပွားရေးဆိုင်ရာခြုံငုံသုံးသပ်မှုများ ထွက်လာခြင်းဖြစ် သည်။
“အဲလိုကျနေပေမဲ့လည်း သြစတြေးလျစီးပွားရေးသည် အံ့အားသင့်ဖွယ် ကြံ့ကြံ့ခံနိုင်ကြောင်းပြသခဲ့ပါ တယ်၊ နောက်ပြီး အခြားနိုင်ငံများလို ကောင်းမွန်တဲ့အနေအထားကို တည်ဆောက်နိုင်ခဲ့တယ်” ဟု ဖရစ်ဒန်ဘာ့ဂ်ကပြောကြားခဲ့သည်။ ယနေ့ထုတ်ပြန်လိုက်သည့် စာရင်းဇယားများသည် စီးပွားရေးပြန် လည်ကောင်းမွန်လာရေး ရှေ့ဆက်မည့် အဓိကခြေလှမ်းတစ်ရပ်အဖြစ် ဖော်ပြနေကြောင်းလည်း ပြော ကြားခဲ့သည်။
သြစတေးလျသည် စီးပွားပျက်ကပ်ကို ယခုနှစ်မတိုင်မီအထိ နှစ်ပေါင်း ၂၈ နှစ်ကြာမျှအောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည်။ သတ္တုတင်ပို့ရောင်းချမှုနှင့် ပြည်တွင်းထုတ်လုပ်မှုကဏ္ဍတို့တွင် ဝယ်လိုအား အခိုင်အမာမြင့်တက်လာမှုကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်အကြပ်အတည်းအတွင်းမှာပင် စီးပွားရေး တိုးတက်လာခဲ့သည်ကို တွေ့ရသည်။