- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ပီရူးတွင် ဓာတ်ငွေ့ပိုက်လိုင်းသွယ်ရင်း နှစ် ၈၀၀ သက်တမ်းရှိ ရုပ်အလောင်းများတွေ့
ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေကြသော ပီရူးလူမျိုးလုပ်သားများသည် လွန်ခဲ့သောနှစ် ၈၀၀ ခန့်က ဘုံသင်္ချိုင်းတစ်ခုတွင် မြှုပ်နှံထားသော လူရှစ်ဦး၏ရုပ်ကြွင်းများကို စားသောက်ဖွယ်ရာများ၊ ဂီတတူရိယာများနှင့်အတူ တွေ့ရှိခဲ့ကြသည်ဟု ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။
30 Sep 2021

DMG ၊ စက်တင်ဘာ ၃၀
ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေကြသော ပီရူးလူမျိုးလုပ်သားများသည် လွန်ခဲ့သောနှစ် ၈၀၀ ခန့်က ဘုံသင်္ချိုင်းတစ်ခုတွင် မြှုပ်နှံထားသော လူရှစ်ဦး၏ရုပ်ကြွင်းများကို စားသောက်ဖွယ်ရာများ၊ ဂီတတူရိယာများနှင့်အတူ တွေ့ရှိခဲ့ကြသည်ဟု ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။
အရွယ်ရောက်ပြီးသူများနှင့် ကလးငယ်များ၏ ရုပ်အလောင်းများ ပတ်ပတ်လည်တွင် ပုလွေများပါဝင်သော လေမှုတ်တူရိယာမျိုးစုံကို ထားကာ ပြောင်းဖူးနှင့်အတူ အပင်ထွက်ပစ္စည်းများ၊ ပန်းကန်ခွက်ယောက်များ နှင့်အတူ ရစ်ပတ်ထားခဲ့ကြသည်ဟု ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သော Calidda ဓာတ်ငွေ့ကုမ္ပဏီမှ ငှားရမ်းထားသည့ ်ရှေးဟောင်းသုတေသနပညာရှင် Cecilia Camargo က AFP သတင်းဌာနသို့ ပြောကြားသည်။
၎င်းရုပ်ကြွင်းရှစ်ခုသည် လီမာမြို့၏ တောင်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ ရှေးဟောင်း Chilca မြို့တွင် နေထိုင်ခဲ့ကြသူများ ဖြစ်သည်။
အချို့ရုပ်အလောင်းများကို ဦးခေါင်းပေါ်တွင် အကာများနှင့်အတူ မြှုပ်နှံထားပြီး ရိုးရာဓလေ့အရ စိတ်လန်းဆန်းတက်ကြွစေသော ဆေးအဖြစ် ဝါးစားကြသည့် ကိုကာအရွက်များ ထည့်ထားသည့် အိတ်များလည်းထည့်ကာ မြှုပ်နှံထားကြသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
“ဒီတွေ့ရှိချက်ဟာ အထူးအရေးပါပြီး ဟစ်စပန်းနစ်သမိုင်းမတွင်မီက ချီကာမြို့အကြောင်းကို ပိုသိနိုင်တဲ့ အချက်အလက်တွေ ပါဝင်ပါတယ်” အရေးကြီးသော တွေ့ရှိချက်တစ်ခုဖြစ်သည်ဟု Cecilia Camargo က ပြောသည်။
၂၀၁၈ ခုနှစ်ကလည်း Chilca မြို့တွင် ၎င်းကုမ္ပဏီမှ အလုပ်သမားများကပင် အခြား ရှေးဟောင်းရုပ်အလောင်း ၃၀ ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။