- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
လက်ရှိ အာဏာရပါတီ၏ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ရီပြုံချိုး၏ ပြောကြားချက်ကို ကိုးကားပြီး KCNA က သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
01 Jun 2023
အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို တိုက်ရိုက် စောင့်ကြည့်နိုင်ရန်အတွက် ကိုယ်ပိုင်ထောက်လှမ်းရေး ဂြိုဟ်တုတစ်လုံးကို ဇွန်လတွင် လွှတ်တင်တော့မည်ဟု မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက မေလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
လက်ရှိ အာဏာရပါတီ၏ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ရီပြုံချိုး၏ ပြောကြားချက်ကို ကိုးကားပြီး KCNA က သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
ဂြိုဟ်တုအမှတ် ၁ တွင် “အသစ်စမ်းသပ်သုံးစွဲမည့် ထောက်လှမ်းရေး ဆောင်ရွက်ချက်အများအပြားသည် ခြေရာခံခြင်း၊ စောင့်ကြည်ခြင်း၊ …အမေရိကန်နှင့် ၎င်း၏ အလိုတော်ကျ စစ်အုပ်စုများ၏ အန္တရာယ်ကြီးသည့် စစ်ရေးလှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ ကြိုတင် ကိုင်တွယ်ဖြေရှင်းခြင်း တို့အတွက် မရှိမဖြစ်အရေးပါ” သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်၌ ရီပြုံချိုးက ပြောကြားထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အဆင်ခြင်မဲ့ လုပ်ရပ်များကြောင့် မြောက်ကိုရီးယားအနေဖြင့် ထောက်လှမ်းရေး သတင်းအချက်အလက်များကို တိုးချဲ့စုဆောင်းပြီး ကာကွယ်ရေးနှင့် ထိုးစစ်ဆင်တိုက်ခိုက်ရေး လက်နက်အမျိုးမျိုး အဆင့်မြှင့်ထုတ်လုပ်ရန် လိုအပ်လာသည်ဟု ခံစားလာရကြောင်းလည်း သူက ပြောကြားသည်။
မြောက်ကိုရီးယားသည် မေလ ၃၁ ရက်နေ့နှင့် ဇွန်လ ၁၁ ရက်နေ့ကြားကာလတွင် ဒုံးကျည်တစ်စင်း ပစ်လွှတ်မည်ဟု ဂျပန်ကို အကြောင်းကြားထားသည်။ ပစ်ခတ်မည့်ဧရိယာမှာ ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် ဖိလစ်ပိုင်နိုင်ငံအနီးမှ လူဇွန်ကျွန်းအရှေ့ပိုင်း ရေပြင်များတွင် ဖြစ်နိုင်ကြောင်း ပြောကြားထားသည်။
မြောက်ကိုရီးယားသည် ၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်တို့တွင်လည်း ဂြိုဟ်တုလွှတ်တင်သည်ဟု ဆိုပြီး ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ဖူးသည်။ အဆိုပါပစ်ခတ်မှု နှစ်ကြိမ်လုံး၌ ဒုံးကျည်များသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါဒေသအပေါ်မှ ဖြတ်သန်းပျံသန်းခဲ့သည်။