- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဖမ်းဆီးခံရသည့် မီဒီယာကုမ္ပဏီပိုင်ရှင် ထုတ်ဝေသည့်သတင်းစာအား ဟောင်ကောင်လူထု တစ်ခဲနက် ဝယ်ယူအားပေး
ဒီမိုကရေစီအရေး ထောက်ခံရေးသားသည့် သတင်းစာတစ်စောင်ဖြစ်သော Apple Daily အား အင်္ဂါနေ့တွင် ဟောင်ကောင်လူထု အလုအယက် ဝယ်ယူအားပေးနေကြကြောင်း Asia Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
12 Aug 2020

ဒီမိုကရေစီအရေး ထောက်ခံရေးသားသည့် သတင်းစာတစ်စောင်ဖြစ်သော Apple Daily အား အင်္ဂါနေ့တွင် ဟောင်ကောင်လူထု အလုအယက် ဝယ်ယူအားပေးနေကြကြောင်း Asia Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
Apple Daily သတင်းစာထုတ်ဝေသူ မီဒီယာသူဌေးကြီး ဂျင်မီလိုင်သည် တရုတ်က အတည်ပြုပြဋ္ဌာန်းထားသည့် အမျိုးသားလုံခြုံရေး ဥပဒေသစ်ဖြင့် တနင်္လာနေ့တွင် ဖမ်းဆီးခံခဲ့ရသည်။
ဟောင်ကောင်ရဲဝန်ထမ်း ၂၀၀ ခန့်သည် တနင်္လာနေ့နံနက် ၁၀ နာရီတွင် သတင်းစာတိုက်သို့ ဝင်ရောက်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဂျင်မီလိုင်ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဂျင်မီလိုင်အား ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်မှုကို တားမြစ်သည့် ဥပဒေဖြင့် တရားစွဲဆိုထားသည်။
အင်္ဂါနေ့ထုတ်ဝေသည့် သတင်းစာမျက်နှာဖုံး၌ ဂျင်မီလိုင် လက်ထိပ်တန်းလန်းနှင့် ဖမ်းဆီးခံရပုံကို “ဆက်လက်တိုက်ပွဲဝင်သွားမည်” ဟူသည့် ခေါင်းစီးစာကြောင်း အနီရောင်နှင့်အတူ ပူးတွဲဖော်ပြထားသည်။
လူထု၏ ဝယ်ယူအားပေးမှုကြောင့် ပုံမှန်ထုတ်ဝေသည့် စောင်ရေ ၇၀၀၀၀ ထက် ငါးဆပိုတိုးက ၃၅၀၀၀၀ ထုတ်ဝေခဲ့ကြောင်း သတင်းစာတိုက်က ပြောကြားသည်။
“အစိုးရက Apple Daily ကို ဆက်လက်ရပ်တည်လို့ မရအောင် လုပ်မှတော့ ဟောင်ကောင်လူထုက ကိုယ့်ဟာကိုယ် ကယ်တင်ရတော့မယ်” ဟု သတင်းစာအစောင် ၅၀ ဝယ်ယူခဲ့သည့် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက Asia Times သတင်းဌာနသို့ ပြောကြားသည်။
တရုတ်သည် ဟောင်ကောင်အပေါ် တင်းကြပ်မှု ပိုမိုဆောင်ရွက်လာနေပြီး ဆိုရှယ်မီဒီယာပေါ် ရေးသားသည့် ပို့စ်များပါမကျန် အရေးယူမှုများ ရှိနေသဖြင့် ဟောင်ကောင်လူထုသည် ၎င်းတို့၏ ထောက်ခံမှုကို ပြသနိုင်ရန်အတွက် အခြားသောနည်းလမ်းများ ရှာကြံလျက်ရှိသည်။
ပြီးခဲ့သည့် စနေနေ့ကလည်း လူငယ်တက်ကြွလှုပ်ရှားသူတစ်ဦး သေဆုံးမှုတွင် သတင်းရယူနေသော သတင်းထောက် အယောက် ၄၀ ခန့်အား ရဲတပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ၁၆ ဦးကို ကပ်ရောဂါတိုက်ဖျက်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် ဒဏ်ငွေချမှတ် အရေးယူခဲ့သည်။