- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဟောင်ကောင်တွင် ကာကွယ်ဆေးမထိုးရသေးသူများအား သွားလာခွင့် ကန့်သတ်ဖွယ်ရှိ
အိုမီခရွန် ကိုဗစ်မျိုးကွဲ စစ်ဆေးတွေ့ရှိထားသော ဟောင်ကောင်တွင် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများအား အကန့်အသတ်နှင့်သာ သွားလာခွင့်ပြုရန် အာဏာပိုင်များ ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Nov 2021

DMG ၊ နိုဝင်ဘာ ၂၉
အိုမီခရွန် ကိုဗစ်မျိုးကွဲ စစ်ဆေးတွေ့ရှိထားသော ဟောင်ကောင်တွင် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသူများအား အကန့်အသတ်နှင့်သာ သွားလာခွင့်ပြုရန် အာဏာပိုင်များ ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း South China Morning Post သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ကျန်းမာရေးကိစ္စကြောင့်မဟုတ်ဘဲ ဆေးမထိုးဘဲနေကြသူတွေ ရှိနေတဲ့အတွက် ဒီလိုလူတွေကို ပုံမှန်ဆေးထိုးထားသူတွေနဲ့ ခွဲခြားဆက်ဆံဖို့ လိုပါလိမ့်မယ်” ဟု ဟောင်ကောင် လူမှုဝန်ထမ်း အတွင်းရေးမှူး Patrick Nip Tak-kuen က စနေနေ့၌ ရေဒီယိုအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။
“မဟုတ်ရင် ဆေးထိုးထားသူတွေဟာ မထိုးသူတွေကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ခံစားကြရမှာပါ” ဟု သူက ပြောကြားသည်။
Patrick Nip Tak-kuen ၏ ပြောကြားချက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဗိုင်းရပ်စ်မျိုးကွဲသစ်အား ဂရိဘာသာစကားဖြင့် အိုမီခရွန်ဟု အမည်ပေးလိုက်ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
အိုမီခရွန်သည် ဒယ်လ်တာမျိုးကွဲထက်ပင် အန္တရာယ် ပိုမိုကြီးမားနိုင်ခြေ ရှိနေကြောင်းလည်း WHO က ပြောကြားထားသည်။
ယခုမျိုးကွဲသစ် ပြန့်ပွားမှုကို ထိန်းချုပ်သည့်အနေဖြင့် ကျန်းမာရေးအာဏာပိုင်များသည် ကာကွယ်ဆေး မထိုးနှံရသေးသူများကို စားသောက်ဆိုင်၊ စာသင်ကျောင်း၊ ဟိုတယ်၊ ရုပ်ရှင်ရုံ၊ ဖျော်ဖြေရေးခန်းမများနှင့် အားကစားအခမ်းအနားများကဲ့သို့ လူထူထပ်သည့် နေရာများသို့ ဝင်ရောက်ခွင့် ကန့်သတ်ရန် စဉ်းစားနေကြောင်း Patrick Nip Tak-kuen က ပြောကြားသည်။
ဟောင်ကောင်တွင် အိုမီခရွန်ကိုဗစ်မျိုးကွဲ ကူးစက်ထားသည့် လူနာ နှစ်ဦး တွေ့ရှိထားသည်။
ဟောင်ကောင်တွင် ကိုဗစ်ဆေး ထိုးနှံပြီးစီးရေး စီမံချက်အရ ပြီးခဲ့သည့် သီတင်းပတ်တွင် အရွယ်ရောက်သူ ရ၀ ရာခိုင်နှုန်းအား ကိုဗစ်ဆေး ထိုးနှံပြီးပြီ ဖြစ်သည်။