- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဟောင်ကောင်တွင် လူစုလူဝေးတားမြစ်မိန့်ကို ဆန့်ကျင်ပြီး တီယန်နန်မင်နှစ်ပတ်လည် အခမ်းအနားအတွက် လူထောင်ချီစုဝေး
ဟောင်ကောင်တွင် လူစုလူဝေးမလုပ်ရန် တားမြစ်မိန့်အား ဆန့်ကျင်ကာ လူထောင်ပေါင်းများစွာသည် ၁၉၈၉ တီယန်နန်မင်ရင်ပြင် အရေးအခင်း နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား အတွက် စုရုံးရောက်ရှိခဲ့ကြသည်။
05 Jun 2020
ဟောင်ကောင်တွင် လူစုလူဝေးမလုပ်ရန် တားမြစ်မိန့်အား ဆန့်ကျင်ကာ လူထောင်ပေါင်းများစွာသည် ၁၉၈၉ တီယန်နန်မင်ရင်ပြင် အရေးအခင်း နှစ်ပတ်လည် အောက်မေ့ဖွယ်အခမ်းအနား အတွက် စုရုံးရောက်ရှိခဲ့ကြသည်။
ဝိတိုရိယပန်းခြံပတ်လည်တွင် ရဲတပ်ဖွဲ့က အတားအဆီးများချထားသော်လည်း အဆိုပါအတားအဆီးများအား ဖယ်ရှားကာ စုရုံးခဲ့ကြခြင်းဖြစ်သည်။
ဟောင်ကောင်တွင် ကိုရိုနာကူးစက်မှုကာကွယ်ရေး ကန့်သတ်မိန့်များ ထုတ်ပြန်ထားပြီး လူ ၈ ဦးနှင့်အထက် ပိုမစုရဟူသောအချက်လည်း ပါဝင်သည်။
တားမြစ်မိန့်နှင့်မငြိစွန်းအောင် အုပ်စုငယ်များခွဲ၍ ထွက်လာလျှင်လည်း ဥပဒေချိုးဖောက်ရာ ရောက်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ သိရသည်ဟု South China Morning Post (SCMP) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ကြာသပတေးနေ့တွင် အဓိကရုဏ်းထိန်းသိမ်းရေး ရဲဝန်ထမ်း ၃၀၀၀ ကို တာဝန်ချထားမည်ဖြစ်ကြောင်း SCMP သတင်းတွင် ဖော်ပြထားသည်။
တရုတ်ပြည် ဘေကျင်းတွင် ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်၌ ဒီမိုကရေစီအရေး တောင်းဆိုလှုပ်ရှားသူများအား စစ်တပ်နှင့် တင့်ကားများက ပစ်ခတ်ခဲ့သည်။ ပစ်ခတ်မှုအတွင်း သေဆုံးသူအရေအတွက်ကို အတိအကျမသိရသော်လည်း ရာဂဏန်းမှ ထောင်ပေါင်းများစွာအထိ ရှိနိုင်ကြောင်း ခန့်မှန်းကြသည်။
ဟောင်ကောင်တွင် တီယန်နန်မင်ရင်ပြင်အရေးအခင်း အောက်မေ့ဖွယ်အခမ်းအနားကို နှစ်စဉ်ကျင်းပပြီး လူပေါင်းသောင်းချီ ပါဝင်ဆင်နွဲလေ့ရှိသည်။