- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကိုဗစ်ကူးစက်နှုန်း မြင့်တက်လာသဖြင့် လန်ဒန်ရှိ အခြေခံပညာစာသင်ကျောင်းအားလုံး ပိတ်မည်
လန်ဒန်ရှိ အခြေခံပညာ စာသင်ကျောင်းများ အားလုံးအား ရက်သတ္တနှစ်ပတ်ကြာ ပိတ်ထားရန် ဗြိတိန်အစိုးရအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲအသစ် အလွန်အမင်း ပျံ့နှံ့လာမှုကို ထိန်းချုပ်ရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း လန်ဒန်မြို့တော်ဝန်က သောကြာနေ့တွင် ပြောကြားခဲ့သည်။
02 Jan 2021

အလယ်တန်းပညာသင်ကျောင်းများအား ဆိုင်းငံ့မည့် အစီအစဉ်တစ်ရပ်ကို ပညာရေးဝန်ကြီး ဂယ်ဗင် ဝီလျံဆင်က ဗုဒ္ဓဟူးနေ့တွင် ချပြခဲ့သည်။ သို့သော်လည်း အသက် ၁၁ နှစ်အောက် ကလေးငယ်များအတွက် အခြေခံပညာသင်ကျောင်း အများစုကိုမူ လာမည့်သီတင်းပတ်အတွင်း ခရစ္စမတ်ကျောင်းပိတ်ရက် အပြီးတွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်သည်။
ဗြိတိန်၌ နိုင်ငံတွင်း ကူးစက်မှုအများဆုံး နေရာများတွင် ယခု ပိတ်မည့် စာသင်ကျောင်းများလည်း ပါဝင်နေသည်။ ဒေသသုံးလေးခုရှိ အာဏာပိုင်များကမူ စာသင်ကျောင်းများ ပြန်ဖွင့်မည်ကို ကန့်ကွက်လျက်ရှိသည်။
“အစိုးရအနေနဲ့ နားလည်သဘောက်ပေါက်ပြီး နောက်ပြန်လှည့်နေပါပြီ” ဟု လန်ဒန်မြို့တော်က ဆာဒစ်ခန်က တွစ်တာပေါ်တွင် ရေးသားထားသည်။
“ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါ။ ပြီးခဲ့တဲ့ နှစ်ရက်အတွက် အကျိုးဖြစ်ထွန်းခဲ့တဲ့ ဆွေးနွေးချက်တွေ အတွက်လည်း ပညာရေးဝန်ကြီး နစ်ဂစ်ဘ်ကို ကျွန်တော် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်” ဟု မြို့တော်ဝန်က ဆိုသည်။