- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ဂျပန်နှင့် နှစ်ဘက်တပ် အပြန်အလှန်လေ့လာရေးကိစ္စ ဖိလစ်ပိုင်သမ္မတဘက်က အဆင်ပြေမှု ပြသ
မားကို့စ်သည် ဂျပန်ပြည်သို့ ငါးရက်ကြာ အလည်အပတ်ခရီးစဉ် သွားရောက်ပြီး လုံခြုံရေးအရ အနီးကပ်ဆောင်မှုများ ပြုလုပ်ရန် ဆွေးနွေးမှုများ ရှိခဲ့သည်။
13 Feb 2023
ဂျပန်နှင့် ဖိလစ်ပိုင်အကြား နှစ်ဘက်တပ်များ အပြန်အလှန် လေ့လာရေး သဘောတူညီချက် (Visiting Forces Agreement – VFA) က အဏ္ဏဝါလုံခြုံရေးကို အားကောင်းစေပြီး ဖိလစ်ပိုင် ငါးဖမ်းသမားများကို ပိုမို၍ အကာအကွယ်ပေးနိုင်မည် ဆိုပါက VFA ကိုမဆောင်ရွက်သင့်သည့် အကြောင်းတစ်စုံတရာ မမြင်မိကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်အငယ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
သို့သော်လည်း မိမိတို့အနေဖြင့် အလွန်အမင်း လူလုံးပြသကဲ့သို့ ဖြစ်နေမည်ကိုလည်း မလိုလားသဖြင့် တိုကျိုနှင့် အဆိုပါသဘောတူညီချက် ရှိခဲ့မည်ဆိုပါကလည်း သတိထား ဆောင်ရွက်မည်ဟု မားကို့စ်က သတင်းထောက်များကို ပြောကြားသည်။
မားကို့စ်သည် ဂျပန်ပြည်သို့ ငါးရက်ကြာ အလည်အပတ်ခရီးစဉ် သွားရောက်ပြီး လုံခြုံရေးအရ အနီးကပ်ဆောင်မှုများ ပြုလုပ်ရန် ဆွေးနွေးမှုများ ရှိခဲ့သည်။
ဒေသတွင်း၌ တရုတ်၏ ရန်လိုမှု မြင့်တက်လာခြင်းအပေါ် စိုးရိမ်နေသော တိုကျိုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံး စစ်ရေးထူထောင်မှုပုံစံကို ပြီးခဲ့သော ဒီဇင်ဘာလတွင် ကြေညာခဲ့သည်။
မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကိရှိဒတို့သည် ကပ်ဘေးဒဏ် အကူအညီပေးရေး ကာလများတွင် နှစ်နိုင်ငံတပ်များ ပူးပေါင်းဆောင်ရွက်ကြမည့် သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးရန် ညှိနှိုင်းလျက်ရှိသည်။
“ကျွန်တော်တို့ရဲ့ ငါးဖမ်းသမားတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေတာနဲ့ ပတ်သက်လို့ ကျွန်တော်အမြဲ စဉ်းစားပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရေပြင်ကိုကိုယ် ကင်းလှည့်နေတယ် ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ ရေပိုင်နက်ဟာ ရှင်းရှင်းလင်းလင်း အသိအမှတ်ပြု ခံထားရပြီးသား ဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသဖို့ လိုအပ်ပါတယ်” ဟု မားကို့စ်က ပြောသည်။
ဖိလစ်ပိုင်သည် VFA အစီအစဉ်ကို အမေရိကန်နှင့် လက်မှတ်ရေးထိုးထားသလို ဂျပန်သည်လည်း သြစတြေးလျ၊ ဗြိတိန်တို့နှင့် VFA သဘောတူညီချက်များ ရှိထားသည်။ ထို့အပြင် ဂျပန်သည် အမေရိကန်၏ နိုင်ငံပြင်ပ အကြီးဆုံး စစ်စခန်းများ လက်ခံထားသည့်နိုင်ငံလည်း ဖြစ်သည်။