- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ကက်ရှ်မီးယားဒေသကို ပြည်ထောင်စုပိုင်နက်နယ်မြေအဖြစ် အိန္ဒိယခွဲထုတ်သတ်မှတ်
ကက်ရှ်မီးယား၏ အိန္ဒိယပိုင်နက်အတွင်းရှိအပိုင်းအပေါ် အုပ်ချုပ်မှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဟု သြဂုတ်လအတွင်းက အိန္ဒိယအစိုးရက ကြေညာခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အုပ်ချုပ်မှုအစီအမံသစ် aပါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
01 Nov 2019

အိန္ဒိယသည် လက်နက်ကိုင်ပဋိပက္ခများထူပြောသော ဂျမ်မူးနှင့်ကက်ရှ်မီးယားပြည်နယ်ကို ပြည်ထောင်စုအုပ်ချုပ်မှု အောက်ရှိပိုင်နက်နယ်မြေ ၂ ခုအဖြစ်ခွဲခြားသတ်မှတ်လိုက်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ယခုချမှတ်လိုက်သည့်အစီအစဉ်အသစ်အရ ယခင် ဂျမ်မူးနှင့်ကက်ရှ်မီးယားပြည်နယ်သည် ဂျမ်မူးနှင့်ကတ်ရှ်မီယားနယ်မြေ နှင့် လာဒတ်ခ်နယ်မြေ တို့ဖြစ်လာမည်ဖြစ်သည်။
ထို ပြည်ထောင်စုပိုင်နက်နယ်မြေ ၂ ခုလုံးကို မြို့တော်ဒေလီမှတိုက်ရိုက်အုပ်ချုပ်သွားတော့မည်ဖြစ်သည်။
ကက်ရှ်မီးယား၏ အိန္ဒိယပိုင်နက်အတွင်းရှိအပိုင်းအပေါ် အုပ်ချုပ်မှုကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဟု သြဂုတ်လအတွင်းက အိန္ဒိယအစိုးရက ကြေညာခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အုပ်ချုပ်မှုအစီအမံသစ် aပါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
" အခုဆိုရင် ပူးပေါင်းဆောင်ရွက်သော ဖက်ဒရယ်စနစ်ရဲ့ တကယ့်ပါဝင်ဆောင်ရွက်မှုတွေ့မြင်ရတော့မှာဖြစ်ပါတယ်။ အဝေးပြေးလမ်းသစ်ကြီးတွေ၊ ရထားလမ်းသစ်တွေ၊ ကျောင်းအသစ်တွေ၊ ဆေးရုံအသစ်တွေနဲ့အတူ ဂျမ်မူးနှင့်ကတ်ရှ်မီးယား ပြည်သူတွေကို ပိုမိုမြင့်မားတဲ့ အဆင့်အတန်းတစ်ခုဆီ ပို့ဆောင်ပေးနိုင်တော့မှာပါ " ဟု ဝန်ကြီးချုပ် နာရင်ဒြာမိုဒီ က ပြောကြားသည်။
ပြည်ထောင်စု(ဖက်ဒရယ်)အစိုးရ၏ ပြည်ထောင်စုပိုင်နက်နယ်မြေများသည် ပြည်နယ်များလောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိကြလေ့မရှိပေ။
ယခင် ဂျမ်မူးနှင့်ကက်ရှ်မီးယားပြည်နယ်သည် ကမ္ဘာပေါ်တွင်အန္တရာယ်အများဆုံး စစ်ဖြစ်ပွားရန်တာဆူနေသည့် နေရာတစ်နေရာဖြစ်ပြီး စစ်တပ်ကလုံခြုံရေးအလွန်တင်းကျပ်စွာရယူထားရသည့်နေရာလည်းဖြစ်သည်။
ယခင် ဂျမ်မူးနှင့်ကက်ရှ်မီးယားပြည်နယ်တွင်နေထိုင်သူများ၏ ၉၈ ရာခိုင်နှုန်းနီးပါးသည် ဂျမ်မူးနှင့်ကက်ရှ်မီးယားနယ်မြေ အတွင်းတွင်ပါဝင်မည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်းအနည်းငယ်ကမူ အသစ်သတ်မှတ်လိုက်သော ပြည်ထောင်စုပိုင်နက်နယ်မြေ လာဒက်ခ်ထဲတွင် ပါဝင်မည်ဖြစ်သည်။
ဂျမ်မူးနှင့်ကက်ရှ်မီးယားနယ်မြေတွင် မူစလင်ဘာသာဝင်များ အဓိကနေထိုင်ပြီး လူဦးရေ ၈ သန်းခန့်ရှိသော ကတ်ရှ်မီးယား တောင်ကြားဒေသနှင့် ဟိန္ဒူဘာသာဝင်များအဓိကနေထိုင်ပြီး လူဦးရေ ၆ သန်းခန့်ရှိသော ဂျမ်မူးဒေသဟူ၍ ဒေသကြီး ၂ ခုပါဝင်နေမည်ဖြစ်သည်။
အသစ်သတ်မှတ်လိုက်သော ပြည်ထောင်စုပိုင်နက်နယ်မြေ လာဒက်ခ်သည် တရုတ်နိုင်ငံနှင့်နယ်နမိတ်ချင်းထိစပ်လျက်ရှိ သောဒေသတစ်ခုဖြစ်ပြီး မြင့်မားသောကန္တရာဒေသတစ်ခုဖြစ်ကာ လူဦးရေ ၃ သိန်းခန့်သာရှိသောဒေသတစ်ခုဖြစ်သည်။ ယင်းဒေသတွင်မူ မူစလင်နှင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူများအညီအမျှနေထိုင်လျက်ရှိကြသည်။
ယခင်ပြည်နယ်အစိုးရဝန်ထမ်းများသည် ၎င်းတို့၏ရာထူးနေရာများအတိုင်း ပြည်ထောင်စုပိုင်နက်နယ်မြေအသစ်များတွင် ဆက်လက်လုပ်ကိုင်ခွင့်ရကြမည်ဟု အိန္ဒိယအစိုးရက ပြောကြားသည်။