- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကိုရိုနာကပ်ဘေးကြောင့် ကမ္ဘာ့ကလေး ၈၆ သန်းခန့် ဆင်းရဲမွဲတေမှုဒဏ် ခံရနိုင်
ကိုဗစ်ကပ်ရောဂါ၏ နောက်ဆက်တွဲ စီးပွားရေးဂယက်ကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားရမည့် ကလေးအရေအတွက်သည် ၈၆ သန်းအထိ ရှိနိုင်ကြောင်း Save the Children နှင့် UNICEF အဖွဲ့တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
29 May 2020

ကိုဗစ်ကပ်ရောဂါ၏ နောက်ဆက်တွဲ စီးပွားရေးဂယက်ကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားရမည့် ကလေးအရေအတွက်သည် ၈၆ သန်းအထိ ရှိနိုင်ကြောင်း Save the Children နှင့် UNICEF အဖွဲ့တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့(မေလ ၂၇ ရက်)တွင် ကြေညာခဲ့သည့် ထိုထုတ်ပြန်ချက်ရဆိုလျှင် ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရသည့် ကလေးစုစုပေါင်းသည် ၆၇၂ သန်းအထိ ရှိလာမည်ဖြစ်သည်။ ဤပမာဏသည် ယမန်နှစ်ထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်း ဆင်းရဲမှုဒဏ်ခံစားနေရသည့် ကလေးစုစုပေါင်း၏ သုံးပုံနှစ်ပုံမှာ အာဖရိကရှိ ဆာဟာရတောင်ပိုင်းဒေသ နှင့် တောင်အာရှဒေသများမှဖြစ်သည်။
သို့သော်လည်း ကိုရိုနာကပ်ဘေးကြောင့် တိုးလာမည်ဟု ခန့်မှန်းထားသည့်ကလေးများမှာ များသောအားဖြင့် ဥရောပနှင့် အာရှအလယ်ပိုင်းမှ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေးကြေးရန်ပုံငွေအဖွဲ့၏ စီမံကိန်းများနှင့် နိုင်ငံ ၁၀၀ ကျော်၏ လူဦးရေအချက်အလက်များအရ သိရသည်။
“မိသားစုတွေကြုံလာရတဲ့ ငွေကြေးအကျပ်အတည်းတွေက ဒီနှစ်တွေအတွင်း တိုးတက်လာတဲ့ အနေအထားတွေကို ပြန်လည်ကျဆင်းသွားစေပြီး ကလေးတွေအတွက် အရေးပါတဲ့လိုအပ်ချက်တွေကို ဆုံးရှုံးသွားစေတယ်” ဟု UNICEF ၏ စီမံခန့်ခွဲရေးဒါရိုက်တာ ဟင်နရီတာဖိုးက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
ကမ္ဘာတစ်ဝန်းရှိ အုပ်ချုပ်သူအစိုးရများအနေဖြင့် လူမှုဖူလုံရေးစနစ်များနှင့် စာသင်ကျောင်းတွင် ကျွေးမွေးသည့်စနစ်များကို တိုးမြှင့်ဆောင်ရွက်ပြီး ကိုရိုနာကပ်ဘေး၏ ဆိုးကျိုးများကို လျှော့ချကြရန် နှစ်ဖွဲ့လုံးက တောင်းဆိုခဲ့သည်။