- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ
- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
တရုတ်ပြည်ကျန်ကျိုးမှာ ယာဉ်အစီးရေ ၂၀၀ ခန့် ဆင့်ကဲတိုက်မိပြီး တစ်ဦးသေဆုံး
တရုတ်ပြည်အလယ်ပိုင်း ကျန်ကျိုးမြို့တွင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက အစုလိုက်အပြုံလိုက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် အများအပြား ဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့ကြောင်း တရုတ်သတင်းဌာန စီစီတီဗီ၏ ဖော်ပြချက်အရ သိရသည်။
28 Dec 2022
ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၂၈
တရုတ်ပြည်အလယ်ပိုင်း ကျန်ကျိုးမြို့တွင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက အစုလိုက်အပြုံလိုက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် အများအပြား ဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့ကြောင်း တရုတ်သတင်းဌာန စီစီတီဗီ၏ ဖော်ပြချက်အရ သိရသည်။
အဝေးပြေးလမ်းမကြီးတွင် မြူများအုံ့ဆိုင်းနေစဉ် ခရီးသည်တင်ကားများ၊ ဗင်ကားများနှင့် ကုန်တင်ကားများပါဝင်သည့် အစီးရေ ၂၀၀ ခန့်သည် တစ်စီးကိုတစ်စီး ဆင့်ကာ တိုက်မိခဲ့ကြခြင်း ဖြစ်သည်။
ကွမ်ကျိုးရှိ မြစ်ဝါတံတားပေါ်တွင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ရုတ်တရက် မြူခိုးများဖုံးအုပ်ခဲ့သဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်ဟု စီစီတီဗီသတင်းဌာနက ဖော်ပြသည်။
“ကြောက်စရာကောင်းလိုက်တာ။ လူတွေအပြည့်ပဲ ဒီမှာ။ တို့တော့ တံတားပေါ်ကနေ ထွက်လို့မရတော့မယ် မထင်ဘူး” ဟု ဗီဒီယိုဖိုင်တစ်ခု၌ တစ်ယောက်က ပြောထားသည်ကို တွေ့ရသည်။
ဒဏ်ရာရသူအများစုသည် ၎င်းတို့၏ ယာဉ်များထဲတွင် ပိတ်မိနေခဲ့ပြီး မီးသတ်ဌာနက မီးသတ်ကား ၁၁ စီးနှင့် ဝန်ထမ်း ၆၆ ဦး စေလွှတ်ခဲ့ကြောင်း စီစီတီဗီ၏ ဖော်ပြချက်အရ သိရသည်။