- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
တရုတ်မှာ ကျောင်းကြိုကား ဝင်တိုက်သဖြင့် ၁၁ ဦးသေဆုံး
ကျောင်းသားများကို ကြိုရန် ရောက်လာသော ဘတ်စ်ကားသည် မျှဉ်းကြားအနီးတွင် အရှိန်မလျော့ဘဲ လူအုပ်ထဲသို့ ဝင်တိုက်မိခြင်း ဖြစ်သည်။ ယာဉ်မောင်းကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
03 Sep 2024
တရုတ်ပြည်အရှေ့ပိုင်း တုံဖျင်ဒေသတွင် ယနေ့ (စက်တင်ဘာ ၃) နံနက်ပိုင်းက စာသင်ကျောင်းတစ်ကျောင်း၏ ရှေ့ရှိ လူအုပ်ကြီးထဲသို့ ဘတ်စ်ကားတစ်စီး ဝင်တိုက်မိရာမှ ၁၁ ဦးသေဆုံးခဲ့ကြောင်း စီစီတီဗီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရှန်တုံပြည်နယ် တုံဖျင်ဒေသရှိ ဖိုရှန် အထက်တန်းကျောင်း အနီးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်ရပ်ကြောင့် ၁၁ ဦးသေဆုံးက ၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများအနက် ၅ ဦးမှာ ကျောင်းသားများဖြစ်ကာ ၆ ဦးမှာ ကျောင်းသားမိဘများ ဖြစ်ကြောင်း တုံဖျင်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ကျောင်းသားများကို ကြိုရန် ရောက်လာသော အဆိုပါ ဘတ်စ်ကားသည် မျှဉ်းကြားအနီးတွင် အရှိန်မလျော့ဘဲ လူအုပ်ထဲသို့ ဝင်တိုက်မိခြင်း ဖြစ်သည်။ ယာဉ်မောင်းကို ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
တရုတ်ပြည်တွင် ယခုနှစ်အတွက် စာသင်ကာလ စတင်ချိန်၌ နိုင်ငံတဝန်းရှိ စာသင်ကျောင်း ဧရိယာများတွင် လုံခြုံရေးကို ပိုမိုအလေးထား ဆောင်ရွက်ကြရန် အစိုးရက ညွှန်ကြားထားသည်။
အဆိုပါ တိုက်တွန်းမှုများအနက် ဘတ်စ်ကားများ အသုံးပြုမှု၊ လမ်းအတားများကို ဝင်တိုက်မှု၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲများ ကင်းလှည့်မှုများကို သတိပြု လုပ်ဆောင်ကြရန်တို့လည်း ပါဝင်ကြောင်း ပါတီအာဘော် ပြည်သူ့နေ့စဉ်သတင်းစာ (People’s Daily) တွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်သည် မတော်တဆလား၊ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခြင်းလား ဆိုသည်ကို တိတိပပ မသိရသေးပေ။
ပြီးခဲ့သည် ဇွန်လက ကျန်းရှုပြည်နယ်တွင် ကျောင်းကားမှတ်တိုင်တစ်ခု၌ အမျိုးသားတစ်ဦးက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့သည်။ ယခုနှစ် အစောပိုင်း မတ်လတွင်လည်း ရှန်တုံပြည်နယ် ဒေကျိုးဒေသတွင် အငယ်တန်းစာသင်ကျောင်း တစ်ခုရှေ့ရှိ လူအုပ်ကြီးထဲသို့ အမျိုးသားတစ်ဦးက ဘတ်စ်ကားဖြင့် ဝင်တိုက်ခဲ့သည့်အတွက် နှစ်ဦးသေဆုံးကာ ခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။