ဆေးခြောက်ကို တရားဝင်ခွင့်ပြုပေးရန် တောင်းဆိုချက်အား အင်ဒိုနီးရှားတရားရုံးက ပယ်ချ

ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ လိုအပ်ချက်အရ အသုံးပြုမှုအတွက် တရားဝင်ခွင့်ပြုပေးရန် အင်ဒိုနီးရှားနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေအပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန် အဆိုပြုကို ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှား ဖွဲ့စည်းပုံခုံရုံးက ပယ်ချခဲ့သည်။ အဆိုပါပယ်ချချက်ကို တရားသူကြီး ကိုးဦးပါဝင်သောအဖွဲ့က စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

22 Jul 2022

ဓာတ်ပုံ - Asia Nikkei


DMG ၊ ဇူလိုင် ၂၂

ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ လိုအပ်ချက်အရ အသုံးပြုမှုအတွက် တရားဝင်ခွင့်ပြုပေးရန် အင်ဒိုနီးရှားနိုင်ငံ၏ မူးယစ်ဆေးဝါးဥပဒေအပေါ် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရန် အဆိုပြုကို ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှား ဖွဲ့စည်းပုံခုံရုံးက ပယ်ချခဲ့သည်။ အဆိုပါပယ်ချချက်ကို တရားသူကြီး ကိုးဦးပါဝင်သောအဖွဲ့က စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အရပ်ဘက်အဖွဲ့အစည်းများက ကျောထောက်နောက်ခံပေးထားသည့် ဦးနှောက်ချို့ယွင်းသော ကလေးများ၏ မိခင်သုံးဦးသည် ၂ဝ၂ဝ ခုနှစ်အတွင်း နိုင်ငံ၏ တင်းကျပ်သော မူးယစ်ဆေးဝါးဥပဒေအား ပြန်လည်သုံးရန် သပ်တင်ပြခဲ့ပြီး ရောဂါလက္ခဏာများအားကုသရန်အတွက် ဆေးခြောက်အား ဆေးဝါးအဖြစ်အသုံးပြုရန် တောင်းဆိုခဲ့သည်။

တရားသူကြီးများက တရားလိုများထောက်ခံသည့် စီရင်ချက်ကို သက်သေပြရန်အတွက် လုံလောက်သောသုတေသနမရှိခဲ့ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း မူးယစ်ဆေးကို ကုသရေးတွင် အသုံးပြုမှုဆိုင်ရာ သုတေသနကို ချက်ချင်း လုပ်ဆောင်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။

“တရားရုံးအနေနဲ့ အစိုးရဘက်က ချက်ချင်း လိုက်နာဆောင်ရွက်လာအောင် တွန်းအားပေးဖို့ လိုပါတယ်။ ဒီကိစ္စရပ်ရဲ့ရလဒ်တွေက ဒီကိစ္စရပ်နဲ့ပတ်သက်တဲ့ ဥပဒေပြောင်းလဲနိုင်ခြေ အပါအဝင် မူဝါဒများကို ဆုံးဖြတ်ဖို့အတွက် အသုံးပြုနိုင်တယ်” ဟု တရားသူကြီး ဆူဟာတိုယိုက ပြောကြားသည်။

ဆေးခြောက်အား တရားမဝင်အဖြစ်မှ ပယ်ဖျက်ပေးခြင်းသည် မူးယစ်ဆေးဝါး အမြောက်အမြား လက်ဝယ် သို့မဟုတ် ရောင်းဝယ်ဖောက်ကားမှုအတွက် ပြစ်ဒဏ်များ ချမှတ်ခြင်းနှင့် သေဒဏ်ပေးခြင်း အပါအဝင် ကမ္ဘာ့အတင်းကျပ်ဆုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေများရှိသည့် နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံအတွက် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်သည်။

ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များအတွက် မူးယစ်ဆေးဝါးသုံးစွဲခွင့် မပြုခြင်းသည် သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှ ကျန်းမာရေးဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများ ရရှိနိုင်မည့် နိုင်ငံသားများ၏ အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု တရားလိုများက စောဒကတက်ခဲ့ကြသည်။

ဗီဒီယိုများ