- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မဲခေါင် ထိပ်သီးမူးယစ်ရာဇာအား နယ်သာလန်တွင် ဖမ်းမိ
အာရှ၏ အကြီးဆုံးရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ကမ္ဘာ့အလိုအရှိဆုံး ဝရမ်းပြေးများအနက် တစ်ဦးဖြစ်သူကို နယ်သာသန်နိုင်ငံတွင် သောကြာနေ့က ဖမ်းမိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Jan 2021

အာရှ၏ အကြီးဆုံးရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ကမ္ဘာ့အလိုအရှိဆုံး ဝရမ်းပြေးများအနက် တစ်ဦးဖြစ်သူကို နယ်သာသန်နိုင်ငံတွင် သောကြာနေ့က ဖမ်းမိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သြစတြေးလျ ရဲတပ်ဖွဲ့၏ အကူအညီတောင်းမှုအရ နယ်သာလန်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်တွင် မွေးဖွားပြီး ကနေဒါနိုင်ငံသား အဖြစ်ခံယူထားသူ ရှဲချီလော့သည် မက္ကစီကန် မူးယစ်ရာဇာ အယ်လ်ချာပိုတို့နှင့် တစ်တန်းတည်းထား သတ်မှတ်ခံထားရသူဖြစ်သည်။ ရှဲချီလော့အား ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များသည် ကြိုးပမ်းနေကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
သူ့အား စန်းကော မူးယစ်ဆေးဖြန့်ဖြူးရေးဂိုဏ်းကြီး၏ ခေါင်းဆောင်ဟု ယူဆရသူအဖြစ် UNODC အဖွဲ့ကြီးက သတ်မှတ်ထားသည်။ စန်းကောအဖွဲ့သည် ကမ္ဘာအနှံ့ မက်သာဖက်တမင်းဆေးအား ဖြန့်ဖြူးနေသည့် အဓိကအဖွဲ့ကြီးဖြစ်သည်။
စန်းကောအဖွဲ့ကြီး၏ ဘီလျံနှင့်ချီသော မူးယစ်ဆေး ရောင်းရငွေများအား အရှေ့တောင်အာရှ မဲခေါင်ဒေသရှိ လောင်းကစားရုံများ၊ ဟိုတယ်များနှင့် အိမ်ခြံမြေကဲ့သို့သော စီးပွားရေးလုပ်ငန်းစု အများအပြားတွင် ခဝါချသည်ဟု ယူဆရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့သည် နိုင်ငံ ၅ နိုင်ငံတွင် လှည့်ပတ်ပြီး ရာဇဝတ်မှုများ ကျူးလွန်နေသူ ၂၇ ဦးအား ၂၀၁၂-၁၃ ခုနှစ်က ဖမ်းမိခဲ့သည့် အမှု၏ နောက်ဆက်တွဲစစ်ဆင်ရေးအဖြစ် ရှချီလော့အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထိုအုပ်စုသည် ဘိန်းဖြူနှင့် မက်သာဖက်တမင်း အများအပြား သြစတြေးလျသို့ တင်ပို့ခဲ့သည်ဟု စွပ်စွဲထားသည်။
မူးယစ်ဂိုဏ်အားနှိမ်နင်းရေး စစ်ဆင်ရေး စတင်ပြီး ရဲချီလော့အား ယခုကဲ့သို့ ဖမ်းမိခြင်းသည် ဆယ်နှစ်နီးပါးအကြာတွင် သြစတြေးလျအာဏာပိုင်များအတွက် အထူးအောင်မြင်မှုကြီးဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။