- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာ့ ပထမဆုံးဂြိုဟ်တုအား နိုင်ငံတကာ အာကာသစခန်းတွင် ထိန်းသိမ်းထား
မြန်မာ့ပထမဆုံး ဂြိုဟ်တုအား နိုင်ငံတကာ အာကာသစခန်းတွင် ထိန်းသိမ်းထားမည်ဟု ဂျပန်တက္ကသိုလ်နှစ်ခုမှ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူမှု ဖြစ်ပွားနေပြီး အဆိုပါဂြိုဟ်တုအား ဂျပန်အာကာသအေဂျင်စီနှင့် ဂျပန်တက္ကသိုလ်က မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားသည်။
13 Mar 2021

DMG ၊ မတ် ၁၃
မြန်မာ့ပထမဆုံး ဂြိုဟ်တုအား နိုင်ငံတကာ အာကာသစခန်းတွင် ထိန်းသိမ်းထားမည်ဟု ဂျပန်တက္ကသိုလ်နှစ်ခုမှ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူမှု ဖြစ်ပွားနေပြီး အဆိုပါဂြိုဟ်တုအား ဂျပန်အာကာသအေဂျင်စီနှင့် ဂျပန်တက္ကသိုလ်က မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြင့် ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးတက္ကသိုလ်က အဆိုပါဂြိုဟ်တုအား တည်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဤဂြိုဟ်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားပြီး စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းဌာနအတွက် လေ့လာမှုများ ပြုလုပ်ရန် ဖန်တီးထားသည့် အသေးစားဂြိဟ်တုတစ်စုံအနက် ပထမအစိတ်အပိုင်းဖြစ်သည်။
အဆိုပါဂြိုဟ်တုရှိ ကင်မရာများအား မြန်မာစစ်တပ်က အသုံးချမည်ကို လူ့အခွင့်အရေး လှုပ်ရှားသူအချို့နှင့် ဂျပန်အရာရှိအချို့က စိုးရိမ်သဖြင့် ဟိုကိုင်းဒိုးတက္ကသိုလ်နှင့် ဂျပန် အာကာသလေ့လာရေးအေဂျင်စီတို့ အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ဟိုကိုင်းဒိုးတက္ကသိုလ်မှ တာဝန်ရှိသူနှစ်ဦးက ပြောသည်။
“မြန်မာစစ်တပ်နှင့် မည်သည့်နည်းလမ်းနဲ့မှ ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း၊ ဂြိုဟ်တုအား ထိုရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်း မဟုတ်ကြောင်း” လည်း စီမံကိန်းမန်နေဂျာတစ်ဦးက ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။
အမေရိကန်ဒေါ်လာ ၁၅ သန်း အကုန်ကျခံ တည်ဆောက်ထားသည့် အဆိုပါဂြိုဟ်တုအား နာဆာက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
ဂျပန်သည် မြန်မာနှင့် အနီးကပ်ဆက်ဆံရေး ရှိထားသလို မြန်မာ့ကို ကူညီမှုများ အများဆုံပေးနေသည့် နိုင်ငံများထဲတွင် ပါဝင်သည်။ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဖြိုခွင်းမှုများအား ဂျပန်အစိုးရက ရှုတ်ချထားသော်လည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်း မရှိသေးပေ။