တရုတ်ထောက်လှမ်းရေးအစီအစဉ်တွင် ပါဝင်နေသည့် အမိမြေလုံခြုံရေး ဌာနဝန်ထမ်းဟောင်း နှစ်ဦးကို အမေရိကန်အစိုးရ တရားစွဲ

ပြည်ထောင်စုတရားဥပဒေစိုးမိုးရေး အရာရှိများ ခေါ်ဝေါ်သုံးစွဲသည့် “နိုင်ငံဖြတ်ကျော် ဖိနှိပ် ရေးအစီအစဉ်” တစ်ခုတွင် တရုတ်အစိုးရကိုယ်စား ထောက်လှမ်းခြင်းနှင့် အမေရိကန်တွင် နေထိုင်နေသည့် တရုတ်အစိုးရဆန့်ကျင်သူများကို အနိုင်ကျင့်သည့် ကိစ္စနှင့်စပ်လျဉ်းပြီး အမေရိကန်အစိုးရရှေ့နေများက အမိမြေလုံခြုံရေးဌာန (Department of Homeland Security- DHS) နှင့် ဆက်စပ်သည့် အမျိုးသားနှစ်ဦးကို တရားစွဲဆိုခဲ့သည်။

09 Jul 2022

အမျိုးသားလုံခြုံရေးဆိုင်ရာ အမေရိကန်လက်ထောက်ရှေ့နေချုပ် မက်သယူး အိုလ်ဆန်သည် အမေရိ ကန်တရားရေး ဌာန၏ မူဝါဒနှင့်စပ်လျဉ်းပြီး မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်ထောက်လှမ်းရေးနှင့် အသိ ဉာဏ်ပစ္စည်းဆိုင်ရာခိုးယူမှုများကို နှိမ်နင်းရန်အာရုံစိုက်ထားသည့် အစီအစဉ်တစ်ခု အဆုံးသတ်မည်ဖြစ် ကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်ရှိ ဂျော့မေဆင် တက္ကသိုလ်တွင်ကျင်းပသည့် အမျိုးသားလုံခြုံရေးသိပ္ပံဆိုင်ရာပွဲတစ်ခုတွင် ကြေညာခဲ့သည်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇူလိုင် ၉

ပြည်ထောင်စုတရားဥပဒေစိုးမိုးရေး အရာရှိများ ခေါ်ဝေါ်သုံးစွဲသည့် “နိုင်ငံဖြတ်ကျော် ဖိနှိပ် ရေးအစီအစဉ်” တစ်ခုတွင် တရုတ်အစိုးရကိုယ်စား ထောက်လှမ်းခြင်းနှင့် အမေရိကန်တွင် နေထိုင်နေသည့် တရုတ်အစိုးရဆန့်ကျင်သူများကို အနိုင်ကျင့်သည့် ကိစ္စနှင့်စပ်လျဉ်းပြီး အမေရိကန်အစိုးရရှေ့နေများက အမိမြေလုံခြုံရေးဌာန (Department of Homeland Security- DHS) နှင့် ဆက်စပ်သည့် အမျိုးသားနှစ်ဦးကို တရားစွဲဆိုခဲ့သည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးပြောရေးဆိုခွင့်ရသူတစ်ဦးကို မေးမြန်းသည့်အခါ ၎င်းအနေဖြင့်  “အခြေအနေ အတိအကျကို သေချာမသိကြောင်း” မှတ်ချက်ပြုပြောကြားခဲ့သည်။ သို့တိုင်အောင် တရုတ်အစိုးရ သည် အမေရိကန်၏ အခြေအမြစ်မရှိဘဲ တရုတ်ကို မကောင်းပြောအပုပ်ချသည့်လုပ်ရပ်များကို အခိုင် အမာဆန့်ကျင်ကြောင်း ယင်း က ဆက်လက်ပြောကြားခဲ့သည်။

တရားစွဲခံရသူတစ်ဦးမှာ အမိမြေလုံခြုံရေးဌာန၏ မင်နီဆိုးတားပြည်နယ်တွင် ပြည်နှင်ဒဏ်ပေး ရေးဆိုင်ရာ အရာရှိဟောင်းအဖြစ် ၁၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ ခရိတ်မီလာဖြစ်ပြီး အခြားတစ်ဦးမှာ အမိမြေလုံခြုံ ရေးဌာန ဥပဒေစိုးမိုးရေး အငြိမ်းစား အရာရှိဖြစ်ပြီး လက်ရှိမှာလည်း ကယ်လီဖိုးနီးယားတွင်  ပုဂ္ဂလိကစုံစမ်း ထောက်လှမ်းသူတစ်ဦးအဖြစ် လုပ်ကိုင်နေသည့် ဒါရစ်တေလာဖြစ်ကြောင်း တရားရေးဌာနက ကြာသပတေးနေ့တွင် ပြောကြားသည်။

တရားသူကြီးချုပ်တစ်ဦးက အမျိုးသားနှစ်ဦးနှင့် တရုတ်အေးဂျင့်များ အဖြစ်ဆောင်ရွက် ကြောင်းစွပ်စွဲခံရသည့် ပြစ်မှုကျူးလွန်သူ အခြားသုံးဦးတို့ကို ဗုဒ္ဓဟူးနေ့က စွဲချက်တင်ထားကြောင်း ကြေညာချက်တစ်စောင်တွင် တရားရေးဌာနက ဖော်ပြထားသည်။

“ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်သူများ၏ လွတ်လပ်စွာပြောဆိုခွင့်နှင့် နိုင်ငံရေး ဆန္ဒဖော်ထုတ် ခွင့်စသည့် အခွင့်အရေးများကို ကာကွယ်သွားမှာဖြစ်ပါတယ်” ဟု အမျိုးသား လုံခြုံရေးဆိုင်ရာ ဒုတိယ လက်ထောက်ရှေ့နေချုပ်ဖြစ်သူ မက်သယူး အိုလ်ဆင်က ပြောကြားလိုက်ပြီး ယခုပုဂ္ဂိုလ်များသည် အမေရိကန်တွင် ခိုလှုံ ခွင့်တောင်းခံထားသူ တရုတ်အစိုးရဆန့်ကျင်သူများ၏ အသံများကို ချိုးနှိမ် ဖိနှိပ် ရန်ကြိုးပမ်းနေသည့် ပြည်ပအစိုးရ၏ အေးဂျင့်များကို ကူညီပေး ခဲ့ကြကြောင်းလည်း သူကဆိုသည်။

မီလာနှင့်တေလာတို့ကို ဇွန်လအတွင်းဖမ်းဆီးခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

ဖက်ဒရယ်ဗျူရို စုံစမ်းရေးဌာန အေးဂျင့်များက အမေရိကန်ရှိ တရုတ်ဆန့်ကျင်သူများ၏ အချက် အလက်များ ပါဝင်သည့် ဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းအချက်အလက်များ အသုံးပြုသည့်ကိစ္စအပေါ် စုံစမ်းစစ်ဆေး ပြီးနောက် သက်သေခံ များဖျောက်ဖျက်ပစ်မှုကျူးလွန်သည်ဟုဆိုကာ တရားရေးတွင် အနှောင့်အယှက် အဟန့်အတားဖြစ်စေမှုအတွက် စွဲချက်တစ်ခုအဖြစ် ထည့်သွင်းစွဲဆိုထားသည်။

ဗီဒီယိုများ