- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အတိုက်ခံရလျှင် နျူကလီးယားဖြင့် တောင်ကိုရီးယားကို ပြန်တိုက်မည်ဟု မြောက်ကိုရီးယားပြော
မြောက်ကိုရီးယားသည် စစ်ပွဲကိုဆန့်ကျင်သော်လည်း အကယ်၍သာ တောင်ကိုရီးယားဘက်က စစ်ရေးအရ ရင်ဆိုင်မှုများ သို့မဟုတ် လက်ဦးမှုရယူတိုက်ခိုက်မှုများ ပြုလုပ်ရန် ရွေးချယ်လာပါက မြောက်ကိုရီးယား၏ နျူကလီးယားတပ်ဖွဲ့က တိုက်ခိုက်ရလိမ့်မည်ဟု ပြောကြားလိုက်သည်။
05 Apr 2022

DMG ၊ ဧပြီ ၆
မြောက်ကိုရီးယားသည် စစ်ပွဲကိုဆန့်ကျင်သော်လည်း အကယ်၍သာ တောင်ကိုရီးယားဘက်က စစ်ရေးအရ ရင်ဆိုင်မှုများ သို့မဟုတ် လက်ဦးမှုရယူတိုက်ခိုက်မှုများ ပြုလုပ်ရန် ရွေးချယ်လာပါက မြောက်ကိုရီးယား၏ နျူကလီးယားတပ်ဖွဲ့က တိုက်ခိုက်ရလိမ့်မည်ဟု ပြောကြားလိုက်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံက ဧပြီလ ၅ ရက်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက မကြာသေးမီက ပြောကြားချက်တွင် မြောက်ကိုရီးယားကို တိုက်ခိုက်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ခြင်းသည် ‘အမှားကြီးတစ်ခု’ ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် အာဏာရပါတီတွင် အကြီးတန်းအရာရှိတစ်ဦး ဖြစ်သည့် ကင်ယိုဂျုံက ပြောကြားကြောင်း အစိုးရရုပ်သံ KCNA က ဖော်ပြသည်။
မိမိတို့နိုင်ငံ၏စစ်တပ်သည် ပစ်ခတ်နိုင်သောအကွာအဝေး၊ တိကျမှန်ကန်မှုနှင့် ပေါက်ကွဲမှုအား ပိုမိုတိုးမြှင့်ထားသည့် ပဲ့ထိန်းဒုံးကျည် အမျိုးအစားစုံလင်စွာ ပိုင်ဆိုင်ထားပြီး မြောက်ကိုရီးယားရှိ မည်သည့်ပစ်မှတ်ကိုမဆို တိကျမြန်ဆန်စွာ ထိမှန်နိုင်သည့်စွမ်းရည်ရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆူဝုတ်က ပြီးခဲ့သော သောကြာနေ့က ပြောကြားခဲ့သည်။
ကင်ယိုဂျုံနှင့် မြောက်ကိုရီးယား အရာရှိတစ်ဦးတို့ အစောပိုင်းက ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဆူဝုတ်၏ မှတ်ချက်ကို ရှုတ်ချထားသလို တောင်ကိုရီးယားဘက်ကသာ စစ်ရေးအရ လက်ဦးမှုရယူမှုမျိုး ရှိလာပါက ပြုံယမ်းဘက်ကလည်း ဆိုးလ်ရှိ အဓိကပစ်မှတ်များကို ဖျက်ဆီးပစ်မည်ဟု ဖော်ပြထားသည်။
အင်္ဂါနေ့တွင် ထပ်မံထုတ်ပြန်သည့် ကြေညာချက်၌ ကင်ယိုဂျုံက ပြုံယမ်းအနေဖြင့် ကိုရီးယားကျွန်းဆွယ်ကို ပျက်စီးကြေမွသွားစေမည့် စစ်ပွဲကို ဆန့်ကျင်ပြီး တောင်ကိုရီးယားကိုလည်း အဓိကရန်သူအဖြစ် မရှုမြင်ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း တောင်ကိုရီးယားဘက်ကသာ အမြင်လွှဲမှားမှုကြောင့်ဖြစ်စေ မည်သည့် အကြောင်းကြောင့်မဆို စစ်ရေးအရ လက်ဦးတိုက်ခိုက်မှုများ ရှိလာပါက အခြေအနေသည် ပြောင်းလဲသွားနိုင်ကြောင်း ဖော်ပြသည်။
မြောက်ကိုရီးယားပိုင်နက်ထဲသို့ တောင်ကိုရီးယားစစ်တပ်က တစ်လက်မပင်ဖြစ်စေ ကျူးကျော်လာပါက မခန့်မှန်းနိုင်သည့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည် ဖြစ်သလို မြောက်ကိုရီးယား နျူကလီးယားတိုက်ခိုက်ရေးတပ်ဖွဲ့ အနေဖြင့်လည်း ၎င်းတို့၏ တာဝန်ကို မလွှဲသာမရှောင်သာ ထမ်းဆောင်ရလိမ့်မည်ဟု ကင်ယိုဂျုံက ကြေညာချက်တွင် ထည့်သွင်းပြောကြားသည်။