ရုရှားကိုလက်နက်ထောက်ပံ့ကြောင်းအမေရိကန်စွပ်စွဲမှု အခြေအမြစ်မရှိဘူးလို့ မြောက်ကိုရီးယားငြင်းဆို

ယူကရိန်းစစ်ပွဲအတွက် ပြုံယမ်းကရုရှားကိုလက်နက်ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်ဟာအခြေအမြစ်မရှိဘူးလို့ မြောက်ကိုရီးယားကအင်္ဂါနေ့ (အောက်တိုဘာ ၈ ရက်) က ငြင်းဆိုလိုက်ပါတယ်။

By Admin 09 Nov 2022

ရုရှားကိုလက်နက်ထောက်ပံ့ကြောင်းအမေရိကန်စွပ်စွဲမှု အခြေအမြစ်မရှိဘူးလို့ မြောက်ကိုရီးယားငြင်းဆို

အလုပ်သမားပါတီတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားမှာမြောက်ကိုရီးယားစစ်တပ် ချီတက်လာစဉ်။ (ဓာတ်ပုံ - Reuters)

DMG | နိုဝင်ဘာ ၉

ယူကရိန်းစစ်ပွဲအတွက် ပြုံယမ်းကရုရှားကိုလက်နက်ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အမေရိကန်ရဲ့စွပ်စွဲချက်ဟာအခြေအမြစ်မရှိဘူးလို့ မြောက်ကိုရီးယားကအင်္ဂါနေ့ (အောက်တိုဘာ ၈ ရက်) က ငြင်းဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က နှစ်နိုင်ငံအကြီးမားဆုံးလေတပ်စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာပဲကိုရီးယားကျွန်းဆွယ်မှာတိုက်ချင်းပစ်ဒုံးကျည်အပါအဝင် ကြီးမားတဲ့လက်နက်စမ်းသပ်မှု တွေ မြောက်ကိုရီးယားနိုင်ငံပြုလုပ်ခဲ့ပြီးနောက် ခုလိုစွပ်စွဲချက်ထွက်ပေါ်လာခဲ့ပါတယ်။

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ John Kirby က မြောက်ကိုရီးယား က ရုရှားကိုလက်နက် တင်ပို့ရောင်းချနေကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်ကစွပ်စွဲပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ အခုလိုပြောကြားချက်ဟာအခြေအမြစ်မရှိတဲ့ ကောလာဟလဖြန့်ချိမှုသာ ဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က ရှုမြင်ထားပါတယ်။ ရုရှားနဲ့ လက်နက်ရောင်းဝယ်တာမျိုးတစ်ခါမျှမရှိခဲ့သလိုနောင်အနာဂတ်မှာလည်းရောင်းဝယ်ဖို့ အစီအစဉ်မရှိဘူးဆိုတာထပ်ပြီးရှင်းရှင်းလင်းလင်းပြောထားပါတယ်လို့ မြောက်ကိုရီးယားသတင်းဌာန KCNA ရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

လက်နက်ခဲယမ်းတွေ ရုရှားက ရ မရဆိုတာကိုအမေရိကန်အရာရှိတွေအနေနဲ့ ယတိပြတ်မပြောဆိုနိုင်ကြောင်းနဲ့ တင်ပို့မှုတွေကိုစောင့်ကြည့်ဖို့ ကြိုးစားနေကြောင်း Kirby ကပြောပါတယ်။

အမေရိကန်ကရရှိထားတဲ့အချက်အလက်တွေအရမြောက်ကိုရီးယားက ရုရှားကိုလက်နက်တင်ပို့နေတယ်လို့ ဖော်ပြနေပေမယ့် အစစ်အမှန်ဦးတည်ရာကအရှေ့အလယ်ပိုင်းလိုလို၊ မြောက်အာဖရိကလိုလိုမရေမရာနဲ့ရှုပ်ထွေးနေပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပြီးခဲ့တဲ့သီတင်းပတ် စစ်ရေးလေ့ကျင့်မှုကို ပြတ်ပြတ်သားသားတုန့်ပြန် သွားမယ်လို့ မြောက်ကိုရီးယားကပြောပါတယ်။ မြောက်ကိုရီးယားရဲ့နောက်ဆုံးပေါ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကအမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ “Vigilant Storm” “ဝီရိယမုန်တိုင်း” စစ်ဆင်ရေးအပေါ် တုံ့ပြန်မှုဖြစ်ကြောင်း မြောက်ကိုရီးယားစစ်တပ်ကအတည်ပြုပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲမြောက်ကိုရီးယားနိုင်ငံရဲ့ အဆက်မပြတ်ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုက နျူးကလီးယားစမ်းသပ်မှုမှာအဆုံးစွန်အထိဖြစ်သွားနိုင်ကြောင်းအမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကသတိပေးခဲ့ပါတယ်။

ဗီဒီယိုများ