- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
နိုင်ဂျီးရီးယားမှာ ခရစ်ယာန်ဘုရားကျောင်း တိုက်ခိုက်ခံရမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံး
နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ကက်သိုလစ်ဘုရားကျောင်းတစ်ခုတွင် ဇွန်လ ၅ ရက်နေ့က သေနတ်သမားတစ်ဦး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၅၀ ထက်မနည်း ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Jun 2022

DMG ၊ ဇွန် ၆
နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ ကက်သိုလစ်ဘုရားကျောင်းတစ်ခုတွင် ဇွန်လ ၅ ရက်နေ့က သေနတ်သမားတစ်ဦး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၅၀ ထက်မနည်း ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသေနတ်သမားသည် ဘုရားကျောင်းအတွင်းနှင့် အပြင်ရှိ ဝတ်ပြုရန်ရောက်ရှိနေကြသူများအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အွန်ဒိုပြည်နယ် ရဲတပ်ဖွဲ့ပြောခွင့်ရ ဖန်မီလာယိုအီဘူကန်အိုဒန်လာမီက ပြောကြားသည်။
အိုဝိုမြို့ရှိ စိန့်ဖရန်စစ် ကက်သိုလစ်ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူ အရေအတွက်ကိုမူ သူမက ပြောကြားခြင်းမရှိပေ။
အိုဝိုမှ ဆေးရုံတစ်ရုံရှိ ဆရာဝန်တစ်ဦးက အဆိုပါတိုက်ခိုက်မှုမှ မြို့ပေါ်ရှိ ဆေးရုံနှစ်ရုံသို့ ရောက်ရှိလာသော အလောင်းစုစုပေါင်း ၅၀ ထက်မနည်းရှိကြောင်း ရိုက်တာသတင်းဌာနကို ဖြေကြားသည်။ ဒဏ်ရာရသူများအတွက် သွေးလိုအပ်နေကြောင်းလည်း အဆိုပါဆရာဝန်က ပြောသည်။
ပစ်ခတ်သူ၏ ပုံပန်းသွင်ပြင်နှင့် ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော်လည်း ရဲတပ်ဖွဲ့ဝင်များသည် ပစ်ခတ်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းနေပြီဟု ရဲတပ်ဖွဲ့ပြောခွင့်ရက ဖြည့်စွက်ပြောကြားသည်။
ယခုတိုက်ခိုက်မှုအပေါ် နိုင်ဂျီးရီးယားသမ္မတ မူဟာမက်ဒူဘူဟာရီက ရှုတ်ချလိုက်ပြီး “ရက်စက်ပြီး စက်ဆုပ်ဖွယ်ကောင်းသော” လုပ်ရပ်ဟုလည်း သူကဆိုသည်။
နိုင်ဂျီးရီးယားအစိုးရသည် နိုင်ငံအရှေ့မြောက်ပိုင်းတွင် အစ္စလာမစ် လက်နက်ကိုင် အုပ်စုများ၏ ထကြွမှုကို ရင်ဆိုင်နေရသည်။ အဆိုပါ လက်နက်ကိုင်အုပ်စုများသည် နိုင်ငံ အနောက်မြောက်ပိုင်းတွင် တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှုများ ပြုလုပ်လေ့ရှိကြသည်။