- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
နီကာရာဂွါမှာ အစိုးရကို ဝေဖန်သည့် NGO ၂၅ ဖွဲ့ပိတ်ပင်ခံရ
၂၀၁၈ ခုနှစ် လူထုဆန္ဒပြပွဲအား နိုင်ငံတော်ဖိနှိပ်မှုဟု မှတ်တမ်းခဲ့သည့် လူ့အခွင့်အရေးကော်မရှင်တစ်ဖွဲ့ အပါအဝင် အစိုးရကို ဝေဖန်သည့် NGO အဖွဲ့အစည်း ၂၅ ဖွဲ့ကို နီကာရာဂွါ ပါလီမန်က ဗုဒ္ဓဟူးနေ့တွင် တားမြစ်ပိတ်ပင်ခဲ့သည်။
23 Apr 2022

DMG ၊ ဧပြီ ၂၃
၂၀၁၈ ခုနှစ် လူထုဆန္ဒပြပွဲအား နိုင်ငံတော်ဖိနှိပ်မှုဟု မှတ်တမ်းခဲ့သည့် လူ့အခွင့်အရေးကော်မရှင်တစ်ဖွဲ့ အပါအဝင် အစိုးရကို ဝေဖန်သည့် NGO အဖွဲ့အစည်း ၂၅ ဖွဲ့ကို နီကာရာဂွါ ပါလီမန်က ဗုဒ္ဓဟူးနေ့တွင် တားမြစ်ပိတ်ပင်ခဲ့သည်။
လုံခြုံရေးအဖွဲ့များက ၂၀၁၈ ခုနှစ် ဆန္ဒပြပွဲများကို အစိုးရဘက်က ပြင်းထန်စွာကိုင်တွယ်မှုကြောင့် အနည်းဆုံး လူ ၃၅၅ ဦး သေဆုံးခဲ့ပြီး သောင်းနှင့်ချီသောသူများသည် ပြည်ပြေးများအဖြစ် ထွက်ပြေးခဲ့ကြရကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဖော်ပြချက်များအရ သည်။
အာဏာရပါတီက လွှမ်းမိုးထားသည့် ဥပဒေပြုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် “အစိုးရမဟုတ်သောအဖွဲ့အစည်း ၂၅ ခုကို တရားဝင်အဖွဲ့အစည်းကနေ ဖျက်သိမ်းတဲ့အမိန့်ကို အတည်ပြုလိုက်တာပါ” ဟု လွှတ်တော်ဒုတိယဥက္ကဋ္ဌ အာလင်အလွန်ဆိုက ပြောကြားသည်။
နီကာရာဂွါသည် ပြီးခဲ့သည့်နိုဝင်ဘာလ ရွေးကောက်ပွဲ၌ သမ္မတ ဒယ်နီရယ် အော်တီဂါကို ဆန့်ကျင်ရန်စီစဉ်နေကြသည်ဟု ယူဆရသည့် သမ္မတလောင်း ခုနစ်ဦးအပါအဝင် အတိုက်အခံခေါင်းဆောင် ၄၀ ခန့်ကို လွန်ခဲ့သည့်နှစ် အလယ်ပိုင်းကတည်းက ပြစ်ဒဏ်ချမှတ်ခဲ့သည်။
အသက် ရ၆ နှစ်အရွယ် ပြောက်ကျားစစ်သားဟောင်း အော်တီဂါသည် နိုင်ငံတကာ အသိုင်းအဝန်းရှိ လူအများအပြားက "ဟာသသက်သက်" ဟုသမုတ်ထားကြသော ရွေးကောက်ပွဲတွင် သူ့အား ဆန့်ကျင်နိုင်သည့် အရည်အချင်းရှိသော အတိုက်အခံမပါပဲ စတုတ္ထမြောက် သက်တမ်းကို ဆက်တိုက်အနေဖြင့် အနိုင်ရရှိခဲ့သည်။
နီကာရာဂွါတွင် ၂၀၁၈ ခုနှစ် ဆန္ဒပြပွဲနောက်ပိုင်းမှစ၍ အစိုးရက ပိတ်ပင်ထားသည့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၆၅ ဖွဲ့ထက်မနည်း ရှိနေပြီဖြစ်သည်။
အတိုက်အခံများသည် အမေရိကန်၏အကူအညီဖြင့် သူ့အား ဖြုတ်ချရန် ကြိုးစားနေကြသည်ဟု အော်တီဂါအစိုးရအဖွဲ့က စွပ်စွဲထားသည်။