ထိုင်ဝမ်အနီးတွင် တရုတ်စစ်ရေးလေ့ကျင့်မှုများ ဆက်လက်ပြုလုပ်

တရုတ်တပ်များသည် တနင်္လာနေ့၌ ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း ဘေကျင်းက ပြောကြားလိုက်သည်။

09 Aug 2022

ဓာတ်ပုံ - AFP


DMG ၊ ဩဂုတ် ၉

တရုတ်တပ်များသည် တနင်္လာနေ့၌ ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း ဘေကျင်းက ပြောကြားလိုက်သည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်သို့ တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ ဖြန့်ကြက်စေလွှတ်ခဲ့သလို ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်။ တရုတ်၏ လုပ်ရပ်သည် ထိုင်ဝမ်ကို ပိတ်ဆို့ရန်နှင့် အလုံးစုံကျူးကျော်ရန် လေ့ကျင့်မှုများဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် တနင်္ဂနွေနေ့တွင် အဆုံးသတ်မည်ဟု ကနဦးက ယူဆခဲ့ကြသော်လည်း ဘေကျင်းဘက်ကမူ ဆက်လက်လေ့ကျင့်နေကြောင်း တနင်္လာနေ့တွင် ထုတ်ပြန်သည်။

“တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ အရှေ့ပိုင်းစစ်ဌာနသည် ထိုင်ဝမ်ကျွန်းဆွယ် တစ်ဝိုက်၌ လက်တွေ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ ရေပြင်နှင့်မြေပြင် သင်ကြားမှုများ ဆောင်ရွက်ခဲ့သည်” ဟု ဘေကျင်းက ထုတ်ပြန်သည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ ထိုင်ဝမ်သို့ အလည်လာရောက်ခဲ့ခြင်းအပေါ် တရုတ်အစိုးရသည် အလွန်အမင်း ဒေါသထွက်နေပြီး အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားချက်များကိုလည်း ရပ်ဆိုင်းမှုများရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘေကျင်းသည် တနင်္လာနေ့တွင် တောင်တရုတ်ပင်လယ်နှင့် ပင်လယ်ဝါရှိ ရေပြင်ဧရိယာအချို့၌ ကျည်အစစ်များအသုံးပြုကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားသည်။

ဗီဒီယိုများ