- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
- အမ်းတွင် အမျိုးသမီးငယ်တစ်ဦးကို ဖခင်က ၆ နှစ်ကြာ အဓမ္မပြုကျင့်မှု ရှိခဲ့
- တိုက်ပွဲများကြောင့် မောင်တောဒေသခံများ စိုးရိမ်နေကြ
- ရခိုင်သည် စစ်ကောင်စီကို ဖြစ်စေ၊ ဘေဂျင်းကိုဖြစ်စေ ဦးညွတ်မည်မဟုတ်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် (စက်တင်ဘာ ၁ မှ ၇ ရက်နေ့အထိ)
သြစတြေးလျရေကြီးမှုကြောင့် လူပေါင်းသောင်းချီ တိမ်းရှောင်ရန် အစိုးရသတိပေး
သြစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့တော် ဆစ်ဒနီ၌ အင်အားပြင်းမုန်တိုင်းများနှင့် ရေကြီးမှုများ ပြင်းထန်လာနိုင်သောကြောင့် ဆစ်ဒနီမြို့ဒေသခံ ထောင်သောင်းချီသော အရေအတွက်ကို နေအိမ်စွန့်ခွာ တိမ်းရှောင်ရန် အစိုးရက သတိပေး ပြောကြားထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Mar 2022

DMG ၊ မတ်လ ၈ ရက်
သြစတြေးလျနိုင်ငံ၏ အကြီးဆုံးမြို့တော် ဆစ်ဒနီ၌ အင်အားပြင်းမုန်တိုင်းများနှင့် ရေကြီးမှုများ ပြင်းထန်လာနိုင်သောကြောင့် ဆစ်ဒနီမြို့ဒေသခံ ထောင်သောင်းချီသော အရေအတွက်ကို နေအိမ်စွန့်ခွာ တိမ်းရှောင်ရန် အစိုးရက သတိပေး ပြောကြားထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လာမည့် ၄၈ နာရီအတွင်း ရာသီဥတု ပြင်းထန်ဆိုးဝါးနိုင်သဖြင့် နေအိမ်စွန့်ခွာတိမ်းရှောင်ကြရန် လူပေါင်း ၆ သောင်းခန့်ကို အမျိုးသားမိုးလေဝသဗျူရိုက သတိပေးပြောကြားထားသည်။
သြစတြေးလျ အရှေ့ပိုင်းကမ်းရိုးတန်းတလျှောက်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက်သည် အင်္ဂါနေ့တွင် ၁၈ ဦးအထိ ရှိနေပြီဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် နေအိမ်များနှင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီးရမှုများသည် ၂၀၁၉ နှင့် ၂၀၂၀ အစောပိုင်း၌ လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် ပျက်စီးခဲ့ရသည့် အခြေအနေနှင့် ပုံစံတူကြောင်း သြစတြေးလျ အရေးပေါ်ကူညီကယ်ဆယ်ရေးဌာန ပြောခွင့်ရ ဖီလ်ကမ့်ဘဲလ်က အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
နိုင်ငံမြောက်ပိုင်း နယူးဆောက်သ်ဝေးပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရေကြီးမှုကြောင့် နေအိမ်များ၊ ကားများ ပျက်စီးခဲ့ရသလို ဒေသခံရာပေါင်းများစွာသည် နေအိမ်ခေါင်မိုးများပေါ် တက်နေခဲ့ကြရသည်။
သြစတြေးလျနိုင်ငံသည် ဥတုရာသီပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်နေရပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု လည်ပတ်ပုံအပြောင်းအလဲ ပိုမိုပြင်းထန်လာပြီးနောက်တွင် မိုးခေါင်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ သန္တာကျောက်တန်းများ ယိုယွင်းလာခြင်းနှင့် ရေကြီးခြင်းတို့ကို မကြာခဏဆိုသလို ရင်ဆိုင်လာရကြောင်း သတင်းတွင် ဖော်ပြထားသည်။