- ရခိုင်တွင် မူးယစ်ဆေးဝါးများကို ဆက်တိုက်ဖမ်းဆီးနေ၊ ဖြန့်ဖြူးသူများထဲတွင် AA ရဲ များလည်း ပါဝင်
- တရုတ်စစ်ရေးပြပွဲမှာ ရေအောက်ဒရုန်း၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး အပါအဝင် လက်နက်ကြီးတွေ ထုတ်ပြ
- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
ပါကစ္စတန်မှာ မျက်စိနာရောဂါကူးစက်မှု ဆိုးဝါးလာသဖြင့် စာသင်ကျောင်း ၅ သောင်းကျော် ယာယီပိတ်မည်
ပါကစ္စတန်နိုင်ငံ၏ လူဦးရေးအထူထပ်ဆုံးဖြစ်သည့် ပန်ဂျပ်ပြည်နယ်တွင် ယခုနှစ်အစောပိုင်းမှ စတင်၍ မျက်စိနာရောဂါ ကူးစက်ခံရသူ အရေအတွက်သည် ၃၅၇၀၀၀ အထိ စံချိန်တင် မြင့်တက်နေသည်။
27 Sep 2023
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ စာသင်ကျောင်းများတွင် ကူးစက်မြန် မျက်စိနာရောဂါ အလွန်အမင်း ပျံ့နှံ့နေမှုကို ထိန်းချုပ်သည့်အနေဖြင့် စာသင်ကျောင်း ၅၆၀၀၀ ကျော်အား ယခုသီတင်းပတ်ကုန်အထိ ပိတ်ထားမည်ဟု အာဏာပိုင်များက စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ပါကစ္စတန်နိုင်ငံ၏ လူဦးရေးအထူထပ်ဆုံးဖြစ်သည့် ပန်ဂျပ်ပြည်နယ်တွင် ယခုနှစ်အစောပိုင်းမှ စတင်၍ မျက်စိနာရောဂါ ကူးစက်ခံရသူ အရေအတွက်သည် ၃၅၇၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ စာသင်ကျောင်းများအားလုံးကို ပိတ်ထားရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“ကျောင်းသားတွေ ကူးစက်မခံရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းပိတ်ဖို့ ကြေညာလိုက်တာပါ” ဟု ပန်ဂျပ်ပြည်နယ် ပညာရေးဝန်ကြီးဌာန ပြောခွင့်ရ ဇူဖီကာအာလီက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ပန်ဂျပ်တွင် လူဦးရေ ၁၂၇ သန်းရှိပြီး စာသင်ကျောင်းပေါင်း ၅၆၀၀၀ ရှိသည်။ အဆိုပါစာသင်ကျောင်းများအပြင် ပုဂ္ဂလိကစာသင်ကျောင်းများပါ ယခုပိတ်မိန့်၌ အကျုံးဝင်သည်ဟု သတင်တွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါမျက်စိနာရောဂါသည် ရောဂါပိုးနှင့် ထိတွေ့ထားသည့် လက်မှတစ်ဆင့် ကူးစက်ခြင်း၊ ခြောင်းဆိုး နှာချေခြင်းများမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ ကူးစက်ခံရသူသည် မျက်လုံးနီခြင်း၊ မျက်လုံးယားယံခြင်းနှင့် မျက်ရည်ပူများ စီးကျခြင်းတို့ ခံစားရသည်။
“ဒီလိုလုပ်ခြင်းအားဖြင့် ပြည်နယ်တွင်း ကူးစက်မှုသံသရာ လည်နေတာကို ရပ်တန့်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု အာလီက ပြောကြားသည်။
နောက်အပတ် တနင်္လာနေ့၌ စာသင်ကျောင်းများ ပြန်ဖွင့်မည်ဖြစ်ကာ အဆိုပါနေ့တွင် ကျောင်းတက်လာသူများအား ကျောင်းဝင်ပေါက်တွင် မျက်စိစစ်ဆေးမည်ဟု ပန်ဂျပ်အာဏာပိုင်များက ပြောကြားထားသည်။