- ဧရာဝတီက စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ
- ပူတင်ကို 'သိပ်စိတ်ပျက်မိတယ်' ဟု ထရမ့်ပြော
- သေနတ်နှင့် လက်နက်ပစ္စည်း လက်ဝယ်ရှိသူများ ၄၅ ရက်အတွင်း အပ်နှံကြရန် AA အသိပေး
- ရခိုင်တွင် မူးယစ်ဆေးဝါးများကို ဆက်တိုက်ဖမ်းဆီးနေ၊ ဖြန့်ဖြူးသူများထဲတွင် AA ရဲ များလည်း ပါဝင်
- တရုတ်စစ်ရေးပြပွဲမှာ ရေအောက်ဒရုန်း၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး အပါအဝင် လက်နက်ကြီးတွေ ထုတ်ပြ
တရုတ်စစ်ရေးပြပွဲမှာ ရေအောက်ဒရုန်း၊ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး အပါအဝင် လက်နက်ကြီးတွေ ထုတ်ပြ
တရုတ်မှာ ဒီနေ့ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲမှာတော့ ပင်လယ်ပြင်က သင်္ဘောတွေကို ပစ်ခတ်ရာမှာ အသုံးပြုဖို့ ဖန်တီးထားတဲ့ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်၊ AJX002 ရေငုပ်ဒရုန်း၊ နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်တဲ့ အမျိုးအစားသစ် တိုက်ချင်းပစ် ဒုံးလက်နက် DF-61 အပါအဝင် လက်နက်ကြီးတွေ ပြသလာတာ တွေ့ရပါတယ်။
03 Sep 2025

တရုတ်မှာ ဒီနေ့ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲမှာတော့ ပင်လယ်ပြင်က သင်္ဘောတွေကို ပစ်ခတ်ရာမှာ အသုံးပြုဖို့ ဖန်တီးထားတဲ့ အသံထက်မြန်တဲ့ ဟိုက်ပါဆိုးနစ် ဒုံးကျည်၊ AJX002 ရေငုပ်ဒရုန်း၊ နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်တဲ့ အမျိုးအစားသစ် တိုက်ချင်းပစ် ဒုံးလက်နက် DF-61 အပါအဝင် လက်နက်ကြီးတွေ ပြသလာတာ တွေ့ရပါတယ်။
တရုတ်ရဲ့ ဒီဟိုက်ပါဆိုးနစ် ဒုံးကျည်တွေဟာ ပစိဖိတ်အနောက်ခြမ်းမှာ ကင်းလှည့်နေတဲ့ အမေရိကန် ရေတပ်အတွက် အဓိက စိုးရိမ်စရာ လက််နက်လည်း ဖြစ်ပါတယ်။
ဂျပန်ကို စစ်အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဧရာမ စစ်ရေးပြပွဲကြီးကို ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်မှာ ဒီနေ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်ရေးပြပွဲကို ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၂၅ ယောက်ထက်မနည်း တက်ရောက်ခဲ့ပါတယ်။
ဒီအထဲမှာ လက်ရှိ လူ ၆ ယောက် သေဆုံးထားသည်အထိ ပြည်တွင်းဆန္ဒပြမှုတွေ ပြင်းထန်နေတဲ့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို၊ ပြီးခဲ့တဲ့ လပိုင်းကမှ အမေရိကန်ဗုံးကြဲလို့ နျူကလီးယား စက်ရုံတွေ ပျက်စီးမှုရှိခဲ့တဲ့ အီရန်ရဲ့ သမ္မတ မာဆော့ပီဇက်ခီယန်၊ ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းထားတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း ပါဝင်ပါတယ်။
ဒီပြပွဲကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက တက်ရောက်ခြင်း မရှိသလို ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေလည်း တက်တာ မတွေ့ရပါဘူး။
၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ တရုတ်ပြည်ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် နောက်ပိုင်းမှာ ဒီပွဲဟာ အကြီးဆုံး စစ်ရေးပြပွဲ ဖြစ်ပါတယ်။
ဒီပြပွဲဟာ အများပြည်သူ ဝင်ကြည့်နိုင်တဲ့ပွဲ မဟုတ်ပါဘူး။ ဖိတ်ခေါ်သူတွေသာ တက်ရောက်ခွင့်ရှိတဲ့ ပြပွဲလည်း ဖြစ်ပါတယ်။ ပြပွဲနေရာ မရောက်ခင် ဘလောက်တစ်ခု အကွာမှာတည်းက လမ်းတွေကို ပိတ်ထားသလို ပြပွဲလမ်းကြောင်းတလျှောက်မှာ ရှိတဲ့ လုပ်ငန်း အဆောက်အအုံတွေ အကုန်လုံးလည်း ပြပွဲအပြီးအထိ လူမနေရဘဲ ပိတ်ထားရပါတယ်။