- ရခိုင်အတွက် ကော်ရီဒိုဟာ ဘင်္ဂလားဒေ့ရှ်အတွက် လောင်းကြေးလား
- AA ထိန်းချုပ်နယ်မြေထဲ ငှက်ဖျားရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိလာ
- မေလအတွင်း လှေနစ်သေဆုံးသူ မွတ်ဆလင်ဒုက္ခသည် ၄၀၀ ကျော်အထိ ရှိနိုင်ကြောင်း ကုလပြော
- လေယာဉ်အန္တရာယ်ကြောင့် နေရာရွှေ့ပြောင်းနေရသည့် ကျောက်တော် စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ
- AA ၏ ရခိုင်ပြည် ပြင်ပထွက်ခွာခွင့် တားမြစ်ချက်အပေါ် အမြင် (Vox Pop)
ဖိလစ်ပိုင်နှင့်ဂျပန် တောင်တရုတ်ပင်လယ်မှာ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်
ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် အမေရိကန်၏ မဟာမိတ်များဖြစ်သည်။ နှစ်နိုင်ငံလုံးသည် ပြီးခဲ့သည့်လတွင် နှစ်ဘက်တပ်များ နှစ်နိုင်ငံမြေပြင်ပိုင်နက် အပြန်အလှန်အသုံးပြုခွင့်ကို အမေရိကန်နှင့် ချုပ်ဆိုခဲ့ကြသည်။
02 Aug 2024
ဖိလစ်ပိုင်နှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို တောင်တရုတ်ပင်လယ် ရေပြင်တွင် ယနေ့ (သြဂုတ် ၂) ပြုလုပ်ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်နိုင်ငံ၏ အထူးစီးပွားရေးဇုန် ဧရိယာအတွင်း ပြုလုပ်ခဲ့သည့် အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဇူလိုင်လ ၃၁ ရက်နေ့က ဖိလစ်ပိုင်နှင့် အမေရိကန် ပူးပေါင်းပြီး အလားတူ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် ထပ်မံ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
“ယခုလေ့ကျင့်မှုသည် လွတ်လပ်ပွင့်လင်းသည့် အင်ဒို-ပစိဖိတ် ဒေသတစ်ရပ်ဆီ ဦးတည်သည့် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းလာစေရန် ရည်ရွယ်သော လက်ရှိ ကြိုးပမ်းမှုများအနက် တစ်ခုဖြစ်သည်” ဟု ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
ယခုလေ့ကျင့်မှုအတွင်း တစ်ဘက်မှ ရေတပ်သင်္ဘောနှစ်စင်းစီ ပါဝင်ကြပြီး ဆက်သွယ်ရေးဆိုင်ရာ လေ့ကျင့်မှု၊ နည်းဗျူဟာပိုင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှု၊ ပုံရိပ်ဖမ်းမှတ်တမ်းယူခြင်း လေ့ကျင့်မှု (Photographic Exercise) တို့ပါဝင်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် အမေရိကန်၏ မဟာမိတ်များဖြစ်သည်။ နှစ်နိုင်ငံလုံးသည် ပြီးခဲ့သည့်လတွင် နှစ်ဘက်တပ်များ နှစ်နိုင်ငံမြေပြင်ပိုင်နက် အပြန်အလှန်အသုံးပြုခွင့်ကို အမေရိကန်နှင့် ချုပ်ဆိုခဲ့ကြသည်။
တရုတ်နိုင်ငံသည် အရှေ့မြောက်အာရှ၏ ကုန်သွယ်ရေးလမ်းကြောကြီး ဖြစ်သည့် တောင်တရုတ်ပင်လယ်ပြင်ကို ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့နှင့်ပါ ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။
ဂျပန်ကမူ တရုတ်နှင့် တောင်တရုတ်ပင်လယ်တွင် ရေပြင်ပိုင်နက် အငြင်းပွားရမှု မရှိပေ။ သို့သော်လည်း အရှေ့တရုတ်ပင်လယ်တွင် တရုတ်နှင့် ရေပြင်အငြင်းပွားမှုတစ်ရပ် ရှိနေသည်။