- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
ပါကစ္စတန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံး
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကြာသပတေးနေ့ အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံး ၂၀ ဦးရှိပြီး ဒဏ်ရာရသူ အယောက် ၂၀၀ ခန့်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 Oct 2021

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ကြာသပတေးနေ့ အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံး ၂၀ ဦးရှိပြီး ဒဏ်ရာရသူ အယောက် ၂၀၀ ခန့်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာရုံဦးအချိန် ၃ နာရီဝန်းကျင်ခဲ့က လှုပ်ခတ်ခဲ့သော အဆိုပါငလျင်သည် ပြင်းအား ၅.၇ မဂ္ဂနီကျူ့ရှိပြီး ကီလိုမီတာ ၂၀ ပတ်လည်အထိ ရိုက်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် နေရာသည် ကွတ်တားမြို့မှ မိုင် ၆၀ ခန့်ကွာဝေးပြီး တောင်ထူထပ်ကာ ကျောက်မီးသွေးမိုင်းတွင်း အများအပြား ရှိသည့်နေရာ ဖြစ်သည်။
ငလျင်ကြောင့် ကျောက်မီးသွေးမိုင်းတွင်း တစ်ခုအပါအဝင် လူနေအိမ်များလည်း အများအပြား ပျက်စီးခဲ့သည်။
မိုင်းတွင်းတစ်ခု ပြိုကျမှုတွင် အလုပ်သမား လေးဦးထက်မနည်း သေဆုံးမှုရှိခဲ့ပြီး ပျက်စီးသွားသည့် နေအိမ်အလုံးရေပေါင်း ၁၀၀ ခန့်အထိ ရှိကာ အဆိုပါနေအိမ်များအတွင်း အိပ်နေရင်းတန်းလန်း မြေဖုံးခံရပြီး သေဆုံးမှုများလည်း ရှိကြောင်း အေပီသတင်းက ဖော်ပြသည်။
ပြင်းထန်ဒဏ်ရာ ရရှိသူ ၄၀ ခန့်ကို ကွတ်တားမြို့သို့ ပို့ဆောင်ထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို လက်ရှိအချိန်အထိ ဆောင်ရွက်နေဆဲဖြစ်ပြီး သေဆုံး ဒဏ်ရာရသူ အရေအတွက်သည် ယခုထက် ပိုများလာနိုင်ကြောင်း ဒေသကော်မရှင်နာလက်ထောက် ဆန်းဟေးအန်နဝါရှာဟီးန်းက အေပီသတင်းဌာနသို့ ဖြေကြားသည်။