ချင်းပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံများရွှေ့ပြောင်းနေရ

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်တွင် ဟားခါးမြို့၏ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ တောင်တန်းဒေသ အောက်အနက်တွင် ၆.၁ မဂ္ဂနီကျု အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်စောင့်ကြည့်ရေးအဖွဲ့ သတင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

27 Nov 2021

တီးတိန်တွင် မြေငလျင်ကြောင့် မြေအပ်ကြောင်းပေါ်လာ

DMG ၊ နိုဝင်ဘာ ၂၇

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်တွင် ဟားခါးမြို့၏ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ တောင်တန်းဒေသ အောက်အနက်တွင် ၆.၁ မဂ္ဂနီကျု အားပြင်းမြေငလျင်လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်စောင့်ကြည့်ရေးအဖွဲ့ သတင်းစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ချင်းပြည်နယ် ဟားခါးကို ဗဟိုပြုပြီး လှုပ်တာခင်ဗျ၊ အားတော့တော်တော်ပြင်းတယ်၊ ၆.၁ မဂ္ဂနီကျု လောက်ရှိတယ်။ အခြေအနေတွေကို လေ့လာနေတုန်းပဲဖြစ်ပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် မနေ့ နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီအချိန်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ အားပြင်းမြေငလျင်ထပ်မံလှုပ်ခတ်ခဲ့ပြီးနောက် မြေတုန်ခါမှုများ ပိုမိုဖြစ်ပေါ်လာကြောင်း အဆိုပါငလျင်စောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

မြေငလျင်လှုပ်ခတ်မှုသည် နေပြည်တော်အပါအဝင် မြန်မာနိုင်ငံရှိအလယ်ပိုင်းဒေသများတွင်လည်း မြေတုန်ခါမှုများဖြစ်ခဲ့သည်။
ထိုသို့ငလျင်လှုပ်ခတ်မှုကြောင့် တီးတိန်မြို့နယ်၊ အန်းလန့်ကျေးရွာတွင် မြေအပ်ကွဲကြောင်း ပေါ်ပေါက်လာခဲ့ပြီး ဒေသခံတချို့တို့သည် နေအိမ်များမှ စွန့်ခွာကာ ပြောင်းရွှေ့နေရကြောင်း အန်းလန်ကျေးရွာနေ ဒေသခံတစ်ဦးက DMG ကို ပြောသည်။

"မနက်က တောင်ပြိုသလို အသံဖြစ်လာလို့ကြည့်လိုက်တော့ မြေတွေ အက်လာတာတွေ့ရတယ်။ အခုနေရာရွှေ့ဖို့ ပြုလုပ်နေရတယ်" ဟု အဆိုပါဒေသခံမှ ပြောသည်။

စစ်ကောင်စီတပ်များတပ်စွဲကာ မီးရှို့မှုကြောင့် မြို့နယ်တစ်ခုလုံးပျက်စီးခဲ့ရသည့် ထန်တလန်တွင်လည်း မနေ့ နိုဝင်ဘာ ၂၆ နံနက် ၉ နာရီ အချိန်တွင် အင်အားအသင့်အတင့်ရှိ မြေငလျင်များ တောက်လျှောက်လှုပ်ခတ်ခဲ့ကြောင်း မြေငလျင်စောင့်ကြည့်ရေးအဖွဲ့မှ ဆိုထားသည်။

လက်ရှိအချိန်တွင် တီးတိန်၊ ဟားခါး၊ ထန်တလန်တို့၌ မြေငလျင်လှုပ်ခတ်မှုနှင့်အတူ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်မှုကြောင့် အိန္ဒိယနိုင်ငံနယ်စပ်တနေရာသို့ ဒေသခံများမှာ မိသားစုအလိုက် ရွှေ့ပြောင်းနေရပြီး စားဝတ်နေရေးခက်ခဲမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဗီဒီယိုများ