- ဖားကန့် တိုက်ပွဲ အရပ်သား သေဆုံး၊ ဖမ်းဆီးခံရမှု မြင့်တက်လာ
- ဘူဂေးရီးယား၌ အီးယူအကြီးအကဲ၏ လေယာဉ်ကို GPS နှောင့်ယှက်တိုက်ခိုက်မှု ရုရှားလုပ်ရပ်ဟု ယူဆရ
- ထောင်က လွတ်ပြီးနောက် ပြန်ဖမ်းခံရသည့် ကျောက်ဖြူဒေသခံတစ်ဦး ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံရ
- ထိုင်းကုန်စည်လမ်းကြောင်းကို ရနောင်းနှင့် မယ်ဆိုင်ဘက်သို့ပြောင်းရန် မြန်မာ အကြံပြု
- တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ဆန့်ကျင်မှု အရှိန်မြင့်လာ
အင်ဒိုနီးရှားတွင် ငလျင်ကြောင့် ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းဆွယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ငလျင် လှုပ်ခတ်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
28 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၈
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းဆွယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ငလျင် လှုပ်ခတ်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၆.၂ မဂ္ဂနီကျူ့ပြင်းအားရှိသည့် အဆိုပါငလျင် မလှုပ်ခတ်မီ အပျော့စားလှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး တုန်ခါမှုကြောင့် လူအများအပြား ထိတ်လန့်ပြီး နေအိမ်များမှ ထွက်ခွာကြချိန်၌ ငလျင်ကြီး ထပ်မံလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“(ပထမတစ်ကြိမ် လှုပ်ပြီးပြီးချင်း) အိမ်ကဆင်းပြီး ထွက်ပြေးခဲ့ကြတာပဲ” ဟု အသက် ၃၆ နှစ်အရွယ် ယူဒီပရာမာသြဂက်စတီနိုက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
“အိမ်ပြင်လည်းရောက်ရော ပိုအားပြင်းတဲ့ ၆.၂ အဆင့်ငလျင် ထပ်လှုပ်တော့တာ။ လူတိုင်း အလန့်တကြား ဖြစ်ကုန်ကြတယ်” ဟုလည်း သူက ပြောသည်။
ငလျင်သည် အနောက်ဆူမားတြားခရိုင် ဘူကစ်တင်ဂီမြို့နှင့် ရ၀ ကီလိုမီတာခန့်တွင် အနက် ၁၂ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ငလျင်ဗဟိုချက်မနှင့် ၂၀ ကီလိုမီတာခန့် ကွာဝေးသည့် အနောက်ပါဆာမန်နှင့် ပါဆာမန်ဒေသတွင် ခုနစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၈၅ ဦးအထိရှိကြောင်း နိုင်ငံတော် သဘာဝဘေးအန္တရာယ် ကူညီရေးအေဂျင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဗဒူမူဟာရီက ပြောသည်။
အဆိုပါဒေသနှစ်ခုတွင် ငလျင်ကြောင့် နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူ အနည်းဆုံး ၅ ထောင်ခန့်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။