- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ပေါ်တိုရီကိုတွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုကို ကိုင်တွယ်ဖြေရှင်းရေး အရေးပေါ်အခြေအနေ ကြေညာ
အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ မြင့်တက်လာနေသည့်အပေါ် အရေးယူပေးရန် လှုပ်ရှားတက်ကြွသူများ က နှစ်ပေါင်းများစွာ အစဉ်တစိုက်တောင်းဆိုလာခဲ့သည့် ပေါ်တိုရီကိုနိုင်ငံ၌ အစိုးရသည် အမျိုးသမီးများအကြမ်းဖက်ခံမှုကို ကိုင်တွယ်ရန် တနင်္လာနေ့၌ အရေးပေါ် အခြေအနေတစ်ရပ် ကြေညာလိုက်ပြီဖြစ်သည်။
28 Jan 2021

အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ မြင့်တက်လာနေသည့်အပေါ် အရေးယူပေးရန် လှုပ်ရှားတက်ကြွသူများ က နှစ်ပေါင်းများစွာ အစဉ်တစိုက်တောင်းဆိုလာခဲ့သည့် ပေါ်တိုရီကိုနိုင်ငံ၌ အစိုးရသည် အမျိုးသမီးများအကြမ်းဖက်ခံမှုကို ကိုင်တွယ်ရန် တနင်္လာနေ့၌ အရေးပေါ် အခြေအနေတစ်ရပ် ကြေညာလိုက်ပြီဖြစ်သည်။
လိင်တူနှစ်သက်သူများနှင့် လိင်ပြောင်းထားသူများကိုလည်း ကာကွယ်ပေးမည့် အဆိုပါ ကြေညာချက်တွင် ကျူးလွန်ခံရသူများအနေဖြင့် အကူအညီတောင်းခံနိုင်ပြီး တိုက်ခိုက်မှုကို အသိပေးနိုင်မည့် မိုဘိုင်းအပလီ ကေးရှင်းတစ်ခု ဖန်တီးခြင်းကဲ့သို့သော အစီအမံများ လည်းပါဝင်သည်။
အာဏာပိုင်များသည် လိင်ညှင်းပန်းနှိပ်စက်သူများကို တားမြစ်ပိတ်ပင်ထားသည့် အမိန့်များနှင့် အကျုံးဝင်ပြီး အန္တရာယ်က လွတ်မြောက်လာခဲ့သည့် အမျိုးသမီးများကို စောင့်ကြည့်မည့် အစီအစဉ်သစ်တစ်ခုကို ဖန်တီး သွားမည်ဖြစ်ပြီး မူဝါဒများ ခိုင်မာအသက်ဝင်ရေးနှင့် အခြားသော အစီအမံများကို အဆိုပြုရေး တို့အတွက် ကော်မတီသစ်တစ်ခုက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပေါ်တိုရီကို အုပ်ချုပ်ရေးမှူး Pedro Pierluisi က ထိုအမိန့်သည် “ပျက်စီးဆုံးရှုံးမှုများစွာ နှစ်ရှည်လများ ဖြစ်ပွားစေခဲ့သော မကောင်းမှုတစ်ခု” ကို နှိမ်နင်းရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။
ယခုကြေညာချက်သည် သူနာပြု Angie Noemi Gonzalez ကို သူ့အမျိုးသားက သတ်ဖြတ်ခဲ့ပြီး ရက်ပိုင်း အတွင်း ထုတ်ပြန်ခဲ့ပြီး ထိုသူကလည်း သူသတ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း မီဒီယာများ၌ ဖော်ပြချက်များအရ သိရသည်။ ထိုဖြစ်ရပ်ကြောင့် ဒေသခံများ၏ စိုးရိမ်ပူပန်မှုများ ပိုမို ပြင်းထန်လာခဲ့ရသည်။
အကျိုးအမြတ်မယူသည့် အကြံပေးအဖွဲ့များဖြစ်သည့် Proyecto Matria နှင့် Kilometro Cero ၏ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများအရ ပေါ်တိုရီကိုတွင် တစ်ပတ်လျှင် အမျိုးသမီး တစ်ဦးနှုန်း အသတ်ခံနေရသည်ဟု သိရသည်။