- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန် အာဆီယံကိုယ်စားလှယ်အဖွဲ့ တိုက်တွန်း
ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရေးနှင့် ပဋိပက္ခရပ်တန့်ရေးအတွက် အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို မြန်မာအာဏာပိုင်များထံ တောင်းဆိုခဲ့ကြောင်း အာဆီယံအဖွဲ့ကြီးက ပြောကြားလိုက်သည်။
07 Jun 2021

DMG ၊ ဇွန် ၇
ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရေးနှင့် ပဋိပက္ခရပ်တန့်ရေးအတွက် အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို မြန်မာအာဏာပိုင်များထံ တောင်းဆိုခဲ့ကြောင်း အာဆီယံအဖွဲ့ကြီးက ပြောကြားလိုက်သည်။
မြန်မာစစ်အုပ်စုသည် ဧပြီလအတွင်းက အာဆီယံ ၁၀ နိုင်ငံ၏ ဘုံသဘောတူညီချက် ၅ ချက်အပေါ် အလေးထားမှု မဖြစ်စလောက်သာ ရှိသည်။
အာဆီယံကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဇွန်လ ၄ ရက်နေ့က တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံသို့ သွားရောက်ခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ခြင်း အားဖြင့် မြန်မာလူထု၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတစ်ရပ် ရရှိနိုင်ကြောင်းကို သွားရောက်ဆွေးနွေးခြင်းဟု ဇွန်လ ၅ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အာဆီယံကြေညာချက်တွင် ဖော်ပြထားသည်။
ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသမီးများ၊ ကလေးများနှင့် နိုင်ငံခြားသားများ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ဤအချက်သည် အာဆီယံဘုံသဘောတူညီချက်တွင် မပါဝင်သော်လည်း အဖွဲ့ဝင်နိုင်ငံ အများအပြား ထောက်ခံသည့် အချက်ဖြစ်သည်။
နိုင်ငံပိုင် Global New Light of Myanmar သတင်းစာတွင်မူ အာဆီယံအဖွဲ့ကြီး၏ ကနဦး စုံစမ်းမှုမှ အကြံပြုချက်များအား အကောင်အထည်ဖော်မှု အခြေအနေ၊ အတိုက်အခံများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ရွေးကောက်ပွဲကျင်းပမည့် တပ်မတော်၏ အစီအစဉ်ကို ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။