- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ကမ္ဘာ့ထူးချွန်ဆရာဆု ရွှေ့ပြောင်းကလေးငယ်များအား ပညာသင်ကြားနေသူ အမေရိကန် ဆရာမတစ်ဦး ဆွတ်ခူး
၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ထူးချွန်ဆရာဆုကို အမေရိကန် ဆရာမတစ်ဦး ဆွတ်ခူးရရှိသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 Nov 2021

DMG ၊ နိုဝင်ဘာ ၁၁
၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ထူးချွန်ဆရာဆုကို အမေရိကန် ဆရာမတစ်ဦး ဆွတ်ခူးရရှိသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆုဆွတ်ခူးသွားသူမှာ ကီရှီယာသော့ပ် ဟုအမည်ရသည့် ဆရာမတစ်ဦးဖြစ်ပြီး မေရီလန်းပြည်နယ် ဘလေဒင်စ်ဘာ့ဂ်မြို့ရှိ Langley Park နိုင်ငံတကာစာသင်ကျောင်းတွင် အင်္ဂလိပ်စာ သင်ပြနေသူ ဖြစ်သည်။
ရွှေ့ပြောင်းအခြေချ မိသားစုများ၏ ဆင်းရဲနွမ်းပါးသော ကလေးငယ်များအား ပညာသင်ကြားပေးခြင်း၊ လမ်းညွှန်ပြသပေးခြင်းများကို အသိအမှတ်ပြုသည့်အနေဖြင့် သူမအား ယခုကဲ့သို့ ဆုချီးမြှင့်လိုက်ခြင်း ဖြစ်သည်။
ဆုကြေးအနေဖြင့် အမေရိကန်ဒေါ်လာ တစ်သန်းတန် ချက်လက်မှတ်ကိုလည်း လက်ခံရရှိမည် ဖြစ်သည်။
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကုလသမဂ္ဂ ပညာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် အေဂျင်စီ ယူနက်စကိုရုံးချုပ်တွင် ဗုဒ္ဓဟူးနေ့ကျင်းပသည့် ဆုချီးမြှင့်ပွဲ၌ သူမအား ပြင်သစ်သရုပ်ဆောင် အစ္စဘဲလာဟက်ပက်က ထူးချွန်ဆရာဆုကို ချီးမြှင့်ခဲ့သည်။
ထူးချွန်ဆုရှင် ကီရှီယာသော့ပ်သည် ဂျမေကာနိုင်ငံမှဖြစ်ပြီး ဆရာအဖြစ် လုပ်ကိုင်နေသည်မှာ ၁၇ နှစ်ရှိပြီဖြစ်သည်။
“ပညာရေးဟာ လူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ကလေးတိုင်း ဒီအခွင့်အရေးကို အသုံးပြုခွင့်ရှိရပါမယ်” ဟု သူမက အသံသွင်းထားသောဖိုင်ဖြင့် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။