- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ပြည်တွင်းစစ်အတွင်းပျောက်ဆုံးနေသူ ၂၀၀၀၀ ကျော်သေဆုံးသွားပြီဖြစ်ကြောင်း သီရိလင်္ကာသမ္မတ အတည်ပြု
ပြည်တွင်းစစ်အတွင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များသည် ၎င်းတို့၏ဆွေမျိုးသားချင်းများ အသက်ထင်ရှားရှိနေသေးပြီး လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရခြင်းဖြစ်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း အစိုးရ၏ ယခုကြေညာချက်က ၎င်းတို့၏ မျှော်လင့်ချက်များကို အဆုံးသတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
22 Jan 2020

သီရိလင်္ကာပြည်တွင်းစစ်အတွင်း ပျောက်ဆုံးစာရင်းဝင်သူ ၂၀၀၀၀ ကျော်မှာ သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်း သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ က ပထမဆုံးအကြိမ်အဖြစ် အတည်ပြုကြေညာလိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတရာဂျာပက်ဆာသည် သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလံဘိုတွင် ကုလသံတမန်တစ်ဦးနှင့်တွေ့ဆုံစဉ် ထိုကဲ့သို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ထိုပျောက်ဆုံးစာရင်းဝင်သူများကို သေဆုံးကြောင်းလက်မှတ်များထုတ်ပေးသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သီရိလင်္ကာသမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။
ပြည်တွင်းစစ်အတွင်း ပျောက်ဆုံးသွားခဲ့သူများ၏ မိသားစုဝင်များသည် ဆန္ဒပြပွဲများကျင်းပပြီး ၎င်းတို့၏မိသားစုဝင်များ မည်သည့်နေရာရောက်ရှိနေသည်ကို သိရှိခွင့်ရရေးတောင်းဆိုထားသည်။
ထိုမိသားစုဝင်များသည် ၎င်းတို့၏ဆွေမျိုးသားချင်းများ အသက်ထင်ရှားရှိနေသေးပြီး လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရခြင်းဖြစ်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း အစိုးရ၏ ယခုကြေညာချက်က ၎င်းတို့၏ မျှော်လင့်ချက်များကို အဆုံးသတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။
သီရိလင်္ကာစစ်တပ်သည် တမီးလ်ကျားသူပုန်များကို ၂၆ နှစ်ကြာပြည်တွင်းစစ်မီးတောက်ကာ သွေးချောင်းစီးခဲ့ရပြီးနောက် ၂၀၀၉ ခုနှစ်၊ မေလတွင် နှိမ်နင်းနိုင်ခဲ့သည်။ ယင်းပြည်တွင်းစစ်အတွင်း လူပေါင်း ၁၀၀၀၀၀ ကျော်အသက်ဆုံးရှုံးခဲ့ရပြီး ၂၀၀၀၀ ကျော်ပျောက်ဆုံးခဲ့ရာ အများစုမှာ တမီးလ်လူမျိုးများဖြစ်သည်။
လက်ရှိ သီရိလင်္ကာသမ္မတ ရာဂျာပက်ဆာ သည် ထိုပြည်တွင်းစစ်ကာလက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ခွဲထွက်ရေးတောင်းဆိုသော တမီးလ်သူပုန်များကို နှိမ်နင်းရာတွင် အဓိကဦးဆောင်သူနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။
ရာဂျာပက်ဆာကို သီရိလင်္ကာနိုင်ငံ၏ လူများစုလူမျိုးဖြစ်သော ဆင်ဟေးလ်လူမျိုးများက သူရဲကောင်းအဖြစ် သတ်မှတ်ကြသော်လည်း လူနည်းစုဖြစ်သော တမီးလ်လူမျိုးများကမူ ယုံကြည်ထောက်ခံခြင်း မရှိကြပေ။
ပြည်တွင်းစစ်ပြီးဆုံးချိန်တွင် သီရိလင်္ကာစစ်တပ်နှင့် တမီးလ်သူပုန် တို့နှစ်ဖက်စလုံးကို စစ်ပွဲအတွင်း၊ အထူးသဖြင့် စစ်ပွဲပြီးဆုံးခါနီး နောက်ဆုံးနှစ်ကာလများတွင် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကျူးလွန်ခဲ့သည်ဟု ကုလသမဂ္ဂကစွပ်စွဲခဲ့သည်။
လက်နက်ချရန်ကြိုးစားသော သို့မဟုတ် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော တမီးလ်သူပုန်များ ရက်ရက်စက်စက်သတ်ဖြတ်ခံရသည့် ဗွီဒီယိုအထောက်အထား အများအပြားထွက်ပေါ်ခဲ့သော်လည်း သီရိလင်္ကာအစိုးရကမူ ယင်းကဲ့သို့သောလုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းမရှိဟု အစဉ်တစိုက်ငြင်းဆိုခဲ့သည်။